ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, June 28, 2012

ကား သွင်းချင်ရင် ခြေကားယား လက်ကားယား ကားပြီးမှ သွင်းခွင့် ပေးမှာပါ

ကားသွင်းခွင့်လွတ်လပ်စွာ သွင်းခွင့် ပေးတယ် ဆိုပြီး ကားတွေ မြန်မာ ပြည်ထဲ မရောက်တာ များလာတော့ ဘာကြောင့်လည်း ဆိုတာ အခုတော့ နောက်ဆုံး ကုပ္မဏီ ကို ဖြတ်သန်းပြီးမှ ရအောင် လုပ်ထားတဲ့ မူဝါဒ အသစ်တဲ့

ကဲ ဘယ်သူ လာဘ်စားတာလည်း
ဒီမိုကရေစီ မှာ ဒါမျိုးတွေ ရှိလားပေါ့

အဲဒီကုပ္မဏီ ဘယ်သူကို ဘယ်လောက်ပေးလိုက်ရလည်းပေါ့

အကောက်ခွန် က လာဘ်စားတာပြီးယုံဘဲ ရှိသေးတာပါ

ဂျပန်မှာ အခု ခွင့်ပြုတဲ့ ကားတွေ က ၂၀၀၇ -၂၀၀၈ နှစ်ထုတ်တွေ ဆို ၁၃၅၀ စီစီအောက် ကား အထိအခိုက်ပါ ဆို ရင် မြန်မာငွေသိန်း  ၃၀ ကျော် ကနေ ၄၅သိန်းလောက်ဆိုရပါတယ်

ပို့ ခက သဘောင်္ခ က  ၁၂ သိန်းလောက် တခြားအနည်းအပါးနဲ့ ဆို ၁၅ သိန်း ကနေ ၁၈ သိန်းလောက်ဆို ရန်ကုန် ဆိပ်ကမ်းရောက်ပါတယ်

ကားဟောင်းသမားဆို မြန်မာငွေ ၁၀ သိန်း ကနေ ၂၅ သိန်းလောက် ဆို တော်ရုံကားတွေ ရပါတယ်
ရန်ကုန် အရောက် မှ သိန်း ၅၀ မကျော်ပါဘူး လူတိုင်းကားစီးနိုင်ပါတယ်

အခွန် ပုံမှန်ဆောင် သိန်း ၃၀ ကနေ သိန်း ၅၀ ဆို တော်တော်လေး ကောင်းတဲ့ ကားတွေ ရပါတယ်

သိန်း ၁၀၀ အောက်မှာဆို ရပါတယ်

အခွန် ကတော့ ဟုတ်ပါပြီ ကားဝင်လာပြီဆိုတာနဲ့  ကညန ဖြတ်သန်းတာကလည်း ဈေးအရမ်းကြီးတယ် မဆိုလိုချင်ပေမဲ့

နှစ် နှစ် တစ်ခါသက်တမ်းတိုးတာတွေ လုပ်ပြီး တစ်ခါသက်တမ်းတိုးရင် ၂ သိန်းဆို ၂သိန်း ကားသေးရင် ၁ သိန်းလောက်ဆို ကားမတော်တဆ တိုက်လို့ ဖျက်ရရင် ဒဏ်ကြေးတွေ သတ်မှတ် သံရည်ကြိုလိုက်ရင် မြန်မာပြည် မှာ ကားကောင်းတွေ ပဲ ရှိမှာပေါ့

အခုတော့ ဟိုကဖြတ် ဒီကဖြတ် ဟိုကို ငွေ ပေးရ ဒီကို ငွေ ပေးရနဲ့ ဆို ကားလိုချင်သူတွေ ခြေကားယား လက်ကားယား ကားကားကြီး ဖြစ်မှ ကားစီးရတော့မှာပေါ့
နောက်ဆုံးတော့ လုပ်စားတတ်တဲ့ အကျင့် မပျောက်သရွေ့ တော့

ကားဟောင်း ကိုစီး လာဘ်ပေးလာဘ်ယူ ကို မလုပ်ချင်လည်း လုပ် ဒီမိုကရေစီ ကား က ဟောင်းဟောင်းလေးပဲ ကောင်းပါတယ် ဖြစ်နေရင်တော့ ဟိုနားကားပျက် ဒီနားကားပျက် လမ်းတွေ ပိတ် လမ်းဆင်းလျှောက်တာက မြန်သွားမဲ့ ဒီမိုကရေစီ ကားဖြစ်နေပါမယ်

ကားကိုလည်း မြန်မာမြေပေါ် ကျပြီး နှစ် ၂၀ ကျော် ဆို သံရည်ကြိုခွင့်ပြု ရင် ကားသစ်တွေ ကြီး များနေပြီး ကားဟောင်းနှစ်သက်သူကလည်း သူကား ကို နှစ်နှစ် တစ်ခါ သက်တမ်းတိုးစီးရင်း သွားမယ်ဆိုရင် ..

ကားဟောင်း ကိုလည်း နည်းပညာသစ်တွေနဲ့ ဆက်စီးရန်သင့်မသင့် စီစစ်ပေးရင် ဘေးကင်းရန်ကွာ တိုးတတ်တဲ့ မြန်ပြည် ဒီမိုကရေစီ နဲ့ အတူ ကောင်းသော ကားတွေနဲ့ ဆို အဆင်ပြေမှာပါ..
လမ်းမပိတ် အောင် ကားကောင်းဖို့ လိုသလို စည်းကမ်းတကျ ဖြစ်ဖို့ လိုပါတယ်

ပိတ်တဲ့ ကားကို ဆွဲတဲ့ ကား ယာဉ်ထိန်းရုံး မှာအဆင်သင့် ချက်ချင်းဆွဲ ဒဏ်ကြေးဆောင် လိုင်စင် ခဏပိတ်တာတွေ နဲ့ ဆို အစစ အဆင်ပြေမှာပါ..

လမ်းဘေးရပ်ကားတွေ ကို လိုက်စစ်တဲ့ ကား က အဆင်သင့် ဆို လမ်းက မပိတ်ပါဘူး

မီးပွိုင့်တွေ မှာ ဘယ်မှာလမ်းပိတ်နေတာ တို့  ဘာကြောင့်ပိတ်တာ တို CCTV ကင်မရာတွေနဲ့ ဆို တော်တော်လေး အဆင်ပြေမှာပါ..

မြန်ပြည် အရောက် ကားတစ်စီး သိန်း ၅၀ လောက်ကို အခွန်က သတ်သတ်မှတ် မှတ် မလုပ်သရွေ့  စာရွက်ပေါ်မှာ ကလိမ်ကကျစ်လုပ်အောင် မသိမသာ လုပ်ခိုင်းနေရင်တော့
အခွန်ရှောင်သူတွေ လာဘ်ပေးလာဘ်ယူသူတွေ မဖြစ်ချင်ဘဲ ဖြစ်နေရမှာပါ..

တကယ်ဆို ရန်ကုန်မှာ မိန်းလမ်းမ ကြီး က ၄လမ်းလောက်သာရှိတာပါ..

ကားဘယ်နှစ်စီး သွားရင် အဆင်ပြေတာ ကို စစ်တမ်းမကောက် မလုပ်တတ်ရင် ကားတွေ ပိတ် နေမှာပါ..

ကားမီးပွိုင့် တစ်ခုနဲ့ တစ်ခု ကြား ဘယ်နှစ်စီး ကာ တာ ကို တွက် ရမှာပါ

ကားပိတ်တာ ဘယ်နေရာ ဘာကြောင့် ဘယ်အချိန် ဆိုတာတွက် ပြီး ဘယ်အချိန် ဆို ဘယ်ကားမဝင်ရ ဘယ်လမ်းကိုဘဲ ခွင့်ပြုတာတို့  လုပ်ရင် အဆင်ပြေပါတယ်

စီစီတီဗီ ကင်မရာတွေ များများသုံး စီးတီး အက်အမ် ကနေ ကြော်ငြာ ပေးလို့ ကတော့ ဘယ်လမ်း ကိုရှောင် ရမှာကို သိမှာပါ

ရှောင်ရမှာ သိရုံ နဲ့ မပြီးသလို ပိတ်နေသောလမ်း ဘယ်လောက်ကြာကြာပိတ်မှာ ကအစ ပြောပြနိုင်မှ အဆင်ပြေမှာပါ..

အဲဒါလည်း တွက်ထားမှာရပါတယ်
လမ်းထဲ ကားဘယ်နှစ်စီးရှိရင် ဘယ်လောက်ကြာမယ်ဆိုတာ တွက်ချက်လို့ ရပါတယ်

တစ်ခုတော့ ရှိပါတယ်..သေခါနီးလူ လမ်းကူးတာ ကို တော့ တွက်ချက်လို့ မရတာပါ..

သူက သေရမယ့် အသက်လည်းကြီးပြီ မင်းတို့ တိုက်ချင်လည်းတိုက်သွား လိုက် လို့ ဆိုရင်တော့ ဘယ်စည်းကမ်း ဘယ်အချိန် ကို မှ တွက်မရတာပါ..

အဲလိုအဖြစ်ကတော့ ရှိတော့ရှိမှာပါ ရှားမှာပါ..

မြန်ပြည် လာ ကားငှားစီမဲ့ သူတွေ တွေ ကားနံပါတ် မဖတ်တတ်ရင် ကားနံပါတ်တွေ ပြောင်းရမဲ့ ဆိုတာကတော့

မြန်မာပြည် မဟုတ်တော့ဘူး မြန်ပြည်ပြန်ရင် နိုင်ငံခြားတိုင်းပြည်ရာက်တာဖြစ်နေမှာပေါ့

မြန်မာပြည် မှာမြန်မာစာ ကသာ အဓိက ဖြစ်ရမှာ မဖတ်တတ်သူတွေ အတွက် တက္ကစီ တွေ နောက်ကမှန် မှာ ဖြစ်ဖြစ် မြန်မာလိုနံပါတ် ကို အင်္ဂလိပ်လို စတစ်ကာ နဲ့  ကပ်ထားရင် လည်းဖတ်လို့ ရပါတယ် ရှေ့ က မှန်ထောင့်ဖက်မှာလည်း အဲလိုရေးပေးထားရင် ဖတ်လို့ ရတာကို နံပါတ်ပြောင်းအောင် အင်္ဂလိပ် လက်ပါးစေတွေ ကြီးစိုးနေပြီလားပေါ့

ဘယ်နိုင်ငံမှ မိမိနိုင်ငံစာကိုဘဲ အဓိကထား လုပ်တာကြီးပါပဲ
  နိုင်ငံသား သန်း ၅၀ ဖတ်တတ်စရာ မလို ခဏလာလည်တဲ့တစ်သန်းတောင် မပြည့်တဲ့  လူတွေ ဖတ်ဖို့  လိုက်လုပ်မယ်ဆိုရင်

မြန်မာ နိုင်ငံသားတွေ အားလုံး ကို အင်္ဂလိပ်လို အမည်သစ်ပေးပွဲ လုပ်ပြီး အလည်လာသူတွေ နားလည်အောင် အမည်သစ်တွေ လုပ်လိုက်ရင် မကောင်းဘူးလား မောင်ခွေး ဆို Mr. Dog ?

ဘယ်လိုပဲဖြစ်ဖြစ် အများကောင်းဖို့ ဆိုပေမယ့် အဆင်ပြေစေဖို့ ဆိုပေမဲ့ မိမိဘယ်နိုင်ငံဆိုတာ မမေ့ရင်တော်ပါပြီ  တော်ကြာ မြန်မာပြည် ကြီး ကိုလိုနီ နိုင်ငံဘဝက မလွတ်သေးဘူးဆိုပြီး ထင်သွားမှာ စိုးရပါတယ်..

ငဝန်နဒီ

No comments:

Post a Comment