ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 23, 2012

မြန်ပြည်မှာ တော့ ရိုက်ဖမ်းတုန်းပဲ ဒီမိုကရေစီ ခပ်ဝေးဝေး

မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင်များကို ရဲကရိုက်နှက်ဖမ်းဆီး
Published on November 23, 2012 by ​အေး​နိုင်


နေပြည်တော်ကို လမ်းလျှောက်ချီတက်နေတဲ့ ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေလုပ်သား တွေထဲက ၄ ဦးကို ဒီမနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်အင်အားသုံးပြီး ၀င်ရောက်ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြသမားတဦးက ပြောပါတယ်။

ဖမ်းခံရသူ ၄ ဦးက ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေဇော်ထက်၊ ကိုစောနောင်တို့ ဖြစ်တယ်လို့ ပြောပါတယ်။

ချီတက်ဆန္ဒပြရာမှာပါဝင်တဲ့ ဒေါ်သန္တာအောင်က “မနက်က အရပ်ဝတ်တွေနဲ့ ၂၀ ပါတယ်။ ရှေ့မှာ ဒိုင်းတွေနဲ့ ဗိုလ်ကြီးတွေလည်းပါတယ်၊ ဗိုလ်မှူးတွေလည်း ပါတယ်။ သူတို့တတွေက ၀ိုင်းပြီးတော့မှဖမ်းတာ ဖြစ်တယ်။ ၄ ယောက်ကို ကျမတို့ရှေ့မှာပဲ ရိုက်နှက်ပြီးတော့မှ ဖမ်းသွားတယ်။ လက်ထိတ်တွေနဲ့လည်း တအားရိုက်တယ်။ နံပါတ်တုတ်တွေနဲ့လည်း တအားရိုက်တယ်။ ဒရွတ်ဆွဲပြီးတော့ ဖမ်းသွားတယ်။ ၅ ယောက်၊ ၆ ယောက်လောက် ၀ိုင်းရိုက်တာ” လို့ ပြောပြပါတယ်။


dvb သတင်း

No comments:

Post a Comment