ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, April 24, 2009

သူငယ်ချင်းတွေနဲ့ ဘာလို့ မဝေးချင်ပဲ ဝေးသွားကြရတာလဲ

ငါ့သူငယ်ချင်းတော့ အလုပ်တွေနဲ့ရှုပ်နေမှာပဲ လို့နှစ်ယောက်လုံး တွေးနေကြရင်း နှုတ်ဆက်လိုက်ရင် သူ့အတွက် အနှောက်အယှက်များ ဖြစ်သွားမလား လို့တွေးပြီး ဒီတိုင်းပဲ နေလိုက်ကြရင်းနဲ့
ဒီလို အချိန်တွေကြာလာတော့
နှစ်ယောက်လုံးက တခြား နားလည်မှုပေးနိုင်မယ့် သူငယ်ချင်းကို တောင့်တလာတယ်။ နောက်တော့ နှစ်ယောက်လုံးက သူတောင်နေနိုင်သေးတာပဲ ငါကဘာလို့ စခေါ်ရမှာလည်း လို့တွေးပြီး စိတ်ထဲမှာ မကျေနပ်သလိုဖြစ်လာတယ်။
အဲဒါနဲ့ပဲ အချစ်က အမုန်းတွေအဖြစ်ပြောင်းလဲလာတယ်
နောက်ပိုင်းတော့ အရင်က ခင်ခဲ့တယ် ဆိုတာတောင် မှတ်ညဏ်ထဲမှာ မှေးမှိန်လာပြီး တစ်ယောက်နဲ့ တစ်ယောက်မေ့သွားကြရော
ဒါကြောင့် အမြဲတမ်း ကိုယ်နှစ်လိုတဲ့ သူငယ်ချင်းတွေကို ထိတွေ့ပေးဖို့လိုအပ်တယ်လို့ထင် ပါတယ်
ကျွန်တော်ကတော့ အဲလိုနဲ့ ဝေးသွားတာမျိုး မဖြစ်ချင်ဘူးဗျာ
ဒါကြောင့်ဒီစာလေးကို ကျွန်တော်ရဲ့ ချစ်လှစွာသောသူငယ်ချင်းများဆီကို အခုပဲ ပို့ပေးလိုက်ပါပြီ
ဒီတော့ အဲလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလည်း ဆိုတော့
ဟေ့ သူငယ်ချင်း နေကောင်းလား မင်း အလုပ်တွေရှုပ်နေလား ငါ မင်းကို သတိရနေတာ
အဲလိုလေး ပြောကြည့်ကြမယ်လေ အိုကေလား
ကဲ ဘယ်လိုလဲ
ကျွန်တော်ကိုလည်း ဒီလိုမျိုး နှုတ်ဆက်ကြည့်ပါလားဗျာ။

from..
Han Win Naing..

No comments:

Post a Comment