ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, April 4, 2012

တောင်သမန် ရယ် ဦးပိန်တံတား ရယ်..

ပြီးခဲ့တဲ့ လ ကလျာ မဂ္ဂဇင်း မှာ တောင်သမန် အကြာင်းရယ် ဦးပိန်တံတား ရယ် ကို ရေးထားတာတွေ့ ရတော့ တကယ်ဆိုရင် ဘာသာရေး အဆောက်အဦး တွေလို မဟုတ်ပဲ ထိန်းသိမ်းသင့်သော အရာတွေ ပါ...လူတိုင်းအတွက် အေးချမ်းသောနေရာလေးပါ

တကယ်ကို လှည့်ကြည့် စောင့်ရှောက်ဖို့ လိုလာတဲ့ နေရာတွေ အခြေအနေတွေ ဖြစ်နေပါပြီ

ဦးပိန်တံတား ဆိုတာကလည်း ရေရှိမှ တင့်တယ်ပါတယ်...တဖြည်းဖြည်း ရေနဲ့ ဝေးနေရတော့ မယ့် အခြေ ကို ရောက်ရောက်လာပါတယ်...

၂၀၀၄ ခုနှစ် ဒီဇင်ဘာ လောက်တုန်း ကတော့ တောင်သမန် က ဦးပိန်တံတားပေါ် ရောက်ခဲ့တုန်း ကဆို ရာဇဝင် နေရာ တစ်ခု သို့ မဟုတ် သမိုင်း အတွက် အမှတ်ရစရာ နေရာ လေးပါ...မြန်ပြည်သားတိုင်း အတွက် ဂုဏ်ယူစရာနေရာလေးပါ...အဲဒီလောက်ထိရှည်တဲ့ သစ်သားတံတားရှည်ပါ

တံတားကတော်တော် ရှည်တော့ ထိန်းသိမ်းရတာ အဆင်မပြေတာတွေ တွေ့ ရပါတယ်

တကယ်ဆိုရင် ကျွန်းသစ် ပေါတဲ့ မြန်ပြည်မှာ ဒီလို တံတားလေး တစ်ခု ကိုတောင် မထိန်းသိမ်း နိုင်တာတွေ့ ရပါတယ်

ထိန်းတော့ထိန်းသိမ်းပါတယ် တစ်ယောက်တစ်မျိုးဖြစ်နေတာတွေ လည်းတွေ့ ရပါတယ်

တံတားတိုင်တွေ မကောင်းတာတွေ ကို ကွန်ဂရစ်တွေ အုတ်တိုင်တွေ နဲ့ ပါထိန်းသိမ်းတာတွေ တွေ့ ရတော့ စိတ်မကောင်းဖြစ်မိပါတယ်

ကျွန်းတွေ တော်တော် ရှားလို့ လားဆိုတော့ ၁၉၉၄ ကျော် လောက်တုန်း ကတော့ ကျွန်း တစ်ပင် ကို တောထဲမှာ ခုတ်ခ ၂၅၀ ကျပ်ဆို ဝယ်လို့ ရတဲ့ နိုင်ငံ မှာ ကျွန်းတိုင်တွေ ရှားပါးနေတာ ဟာ စိတ်မကောင်းစရာပါ...

သစ်တော စနစ် ကလည်း မြို့ ပေါ် မှာသာ မျှော ရှိတာပါ..တောထဲမှာ စည်းမရှိဘောင်မရှိ ခေတ်တုန်း ကပေါ့

တောထဲကနေ မြို့ ပေါ် ကို ထုတ်တာ နားလည်မှုတွေ ကများပါတယ် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ဦးပိန်တံတားလေး ထိန်းသိမ်းဖို့  ကျွန်းတွေ တော့ ရှိစေချင်ပါတယ်...

နိုင်ငံခြားသားတွေ ဆီကနေ ရမယ့်ငွေ က ထိန်းသိမ်းလို့  ကုန်ကျမဲ့ စရိတ်ကို ကာမိမှာပါ ဖြတ်လျှောက်ခ ယူဖို့ ပြောတာ မဟုတ်ပါဘူး အဲဒီ ပတ်ဝန်း ကျင်မှာ ငွေဝင် နိုင်သော အခြေအနေ ဖန်တီး ရယူဖို့ လိုပါတယ်...

တောင်သမန် အင်း ကို ကြည့် ဦးပိန်တံတား နားမှာ ထိုင် ထန်းရေ ကို သောက် ဆေးလိပ်ကိုဖွာ ပြီးငေး ရတဲ့ အရသာ မာနေတဲ့ ဗူးသီးကျော်တွေ တောင် စားကောင်းသလို ခံစားရမှာပါ...

အခုနောက်ပိုင်းဆို ရတနာပုံ တက္ကသိုလ် မှာတတ်ရတဲ့ ကျောင်းသားတွေ အတွက် တကယ် ကို ပျော်စရာလေးပါ အစိုးရ အဆောင်တွေ မရှိတာ ကလွဲရင်ပေါ့

သမိုင်း ကို ထိန်းသိမ်းတတ်သူလက်ထဲ မှာ ထိန်းသိမ်းရင် တော်တော်လေး ကို ရှုမငြီးစရာနေရာလေး ပါ...

ပင်လယ်နဲ့ ဝေးတဲ့ နေရာတွေထဲ မှာ စိတ်ကို ချမ်းမြှေ့ အေးချမ်းစေသော နေရာလေးပါ

အေးချမ်းဖွယ်ရာ နေရာလေး ကို ထိန်းသိမ်း နိုင်ကြပါစေ ...

No comments:

Post a Comment