ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, March 18, 2011

တိုကျို ဘယ်လိုလဲ အေးဆေးပါ

သတင်းတွေက ကြောက်စရာတွေရော အမျိုးမျိုးတွေ ဆိုတော့ လူတွေ လန့် နေတာပေါ့။

ဒီနေ့ ဆို ရှင်ဂျီးကု က ရေဒီရေးရှင်း က ၀.၀၅၃ မိုက်ခရိုစီးဗတ် နည်းတောင် နည်းသွားတယ်။

အလုပ်ရှိလို့ သွားတဲ့သူတွေကသွားနေတုန်းပဲ

မနေ့ က အပြင်သွားတော့ လူတွေကပုံမှန်ပါပဲ

ဂျပန်က နေ ဘယ်နိုင်ငံကို မဆို ဖုန်းဖရီး ခေါ်လို့ ရအောင်တောင် လုပ်ပေးထားတာ

ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၇၀၀ ဘီလီယံ သုံးစွဲမှာဖြစ်တယ်။

အမေရိကန် ကပြောတာ က နယူကလီးယား ပလန့် ကနေ မိုင်၅၀ ကီလိုမီတာ ၈၀ မှာနေဖို့ ပြောတော့ တိုကျိုက ကီလိုမီတာ ၂၅၀ ကျော်မှာရှိတာ မိုင်နဲ့ ဆို ၁၅၀ ကျော်မှာ ရှိတာ ပါ။

ဂျပန်ကနေ ထွက်ခွာတဲ့သူတွေ ရှိနေပါတယ် ။ ပြန်စဉ်းစားကြည့်တော့ တချို့ အတွက်တော့ကြောက်တတ်ရင်ကြောက်စရာပါ။

ကြွေဟောင်း မဆပ်ရသေးတဲ့သူတွေ ကြွေးသစ်ချဖို့ နမြောနေ တဲ့သူတွေ ဒီအချိန်မှာ ပိုသိလာမှာပါ သူတို့ တွေ ပိုကြောက်တတ်တာကိုပါ။

ကြောက်တတ်ရင် ရီအန်ထရီဗီဇာ မယူဘဲနဲ့ ပြန်တာ ပိုကောင်းမှာပေါ့ ဘုရင့်နောင်ဖောင်ဖျက်ပေါ့။

နယူကလီးယား ပလန့် မှာ ရေဒီရေးရှင်း က ၃၀ မီတာအမြင့်မှာ ၂၅၀ မိုက်ခရိုစီးဗတ် ၉၀ မီတာ အမြင့်မှာက ၈၇ မိုက်ခရိုစီးဗတ်။

တကယ်တော့ ငလျင်လှုပ်တတ်တဲ့ ဂျပန်မှာ ဗီဇာရတာနဲ့  မာတီ ရီအန်ထရီဗီဇာတနေ့ ထဲ ယူလို့ ရပါတယ်။

စာကြွင်း ...မိုးပြိုမှာ ကြောက်ရင် တစ်တစ်တူးလို မိုးပေါ် ခြေထောက်ထောင်အိပ်
ငလျင်ကြောက်လို့ တအားစိတ်ပူရင် ကွင်းလည်ခေါင်မှာအိပ်

အေးအေးဆေးဆေး စဉ်းစားပြီး လုပ်နိုင်ပါစေ။

သတင်းယူတဲ့သူတွေ က ကီလိုမီတာ ၃၀ အကွာ မိုင်၂၀ အကွာ ကသတင်းယူနေရတာပါ ယုံသင့်တာကိုယုံပြီး လုပ်သင့်တာကို လုပ်ရမှာပါ။အနီးကပ်သတင်းတွေ က အစိုးရ ထုတ်ပြန်မှ ရမှာပါ။

မီးရထားတွေ မီးအား အသုံးလျော့ဖို့  စောစော သိမ်းတာ လျော့ဆွဲတာတော့ ရှိပါသည်။

ဒီနေရာမှာတော့ မီးဖြတ်သည်ကြားသော်လည်း ယခုချိန်ထိ မီးဖြတ်မခံရသေးပါ။ မီးဖြတ်ခံရရင်တော့ မြန်ပြည် အလွမ်းပြေဖြစ်မှာသေချာတယ်။
အားလုံး အဆင်ပြေပြေ အေးအေးဆေးဆေး ဖြတ်သန်း ဆုံးဖြတ် ကြိုတင်ကာကွယ် နိုင်ကြပါစေ။
ကယ်ဆယ်ရေး စခန်းမှာ မြန်မာတယောက် တော့ ရှိတယ်လို့ သိရပါတယ် စိတ်အေးချမ်းစွာဖြတ်သန်းနိုင်ပါစေ။

No comments:

Post a Comment