ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, May 7, 2011

အယ်လ်ကေဒါ အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် ကိုယ်ရေးအကျဉ်း

အိုစမာဘင်လာဒင်ကို

၁၉၅၇ ခုနှစ် တွင် ချမ်းသာသော မိသားစု မှ ဆော်ဒီအာရေးဗီးယား နိုင်ငံ ရီယတ် မြို့ တွင် မွေးဖွားခဲ့သည်။

မွေးချင်းဒါဇင်ပေါင်း များစွာတွင် ခုနှစ်ယောက်မြောက် သားဖြစ်သည်။

၁၉၇၀ တွင် သူ၏ ဖခင် ကွယ်လွန်ခဲ့သည်။

၁၉၇၄ တွင် ဆွေမျိုးတော်စပ် သူ တစ်ဦး နှင့်လက်ထပ်ခဲ့သည်။

၁၉၇၆ တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဂျီဒတ် မြို့ ရှိ King Abdul-Aziz တွင် စီးပွားရေး နှင့် စီမံခန့် ခွဲမှုပညာ သင်ယူခဲ့သည်။

၁၉၈၄ အာဖဂန်နစ္စတန် နိုင်ငံ ရှိ ဆိုဗီယက်တပ်များကို ပြန်လည်တိုက်ထုတ်သော အာရပ်တပ်ဖွဲ့  များကို ထောက်ပံရန် ပါကစ္စတန် ပက်ရှ်ဝါမြို့  သို့ သွားရောက် ခဲ့ ။
ထို့ နောက် ဆောဒီအာရေဗျ၊အာဖဂန်နစ္စတန် နှင့် ဆူဒန် နိုင်ငံတို့ တွင် လှည့်လည် နေထိုင်သည်။

၁၉၈၈ တွင် အာဖဂန်နစ္စ ကန်တွင် အယ်ကေဒါ အဖွဲ့ ကို တည်ထောင်သည်။ထိုအဖွဲ့ သည် အမေရိကန်၊အစ္စရေး နှင့် ၄င်းကောင်းတို့ ၏ မဟာမိတ်များကို ဆန့် ကျင်သော အစွန်းရောက် မွတ်ဆလင် အကြမ်းဖက် အဖွဲ့ ဖြစ်သည်။

၁၉၉၃ တွင် ၄င်း၏ မိသားစုပိုင်ကုမ္ပဏီ က အိုစမာဘင်လာဒင်၏ ရှယ်ယာများကိုထုတ်ပစ်ခဲ့သည်။

၁၉၉၄ တွင် ဆော်ဒီအာရေဗျ နိုင်ငံက အိုစမာ ဘင်လာဒင် ကို နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

၁၉၉၅ တွင် ဆော်ဒီအာရေဗျ

၁၉၉၈ တွင် ကင်ညာ နှင့်တန်ဇန်းနီးယား

၂၀၀၀ တွင် ယီမင် တို့ တွင်ကားဗုံးခွဲ ခြင်း အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။

၂၀၀၁ စက်တင်ဘာ ၁၁ ရက် တွင် အမေရိကန်ပြည်ထောင်စု ကမ္ဘာ့ ကုန်သွယ်ရေး အမြွှာ မျှော်စင် နှစ်ခုကို ခရီးသည်လေယာဉ် နှစ်စီးဖြင့် ဝင်တိုက်ခဲ့သည်။လူ ၃၀၀၀ နီးပါးသေဆုံးခဲ့သည်။

၂၀၀၁ ဒီဇင်ဘာလ အမေရိကန်ထောက်ပံပေးသော တာလီဘန် ဆန့် ကျင်သော အဖွဲ့ များက အာဖဂန် နစ္စတန် ရှိ တိုရာဘိုရာ တောင်တန်းများရှိ အိုစမာဘင်လာဒင် ဌာနချုပ် ကို ဝင်ရောက် စီးနင်းခဲ့သည် ။

၂၀၀၂ စက်တင်ဘာ ဘင်လာဒင် အသံသွင်းခွေ ထွက်ပေါ်လာသည်။

၂၀၀၂ နိုဝင်ဘာ တွင် ကင်ညာနိုင်ငံ Mombasa မြို့ ရှိ Paradise အပန်းဖြေ ဟိုတယ်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။

၂၀၁၁ မေ ၁ ရက် တွင် ပါကစ္စတန် တွင် အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင် ကို အသေဖမ်းမိခဲ့ကြောင်း အမေရိကန်သမ္မတ အိုဘားမား ပြောကြားလိုက်သည်။

Guardian..

No comments:

Post a Comment