ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, January 6, 2011

၅ သိန်းတန် CDMA ဖုန်းများ အင်တာနက် သုံးနိုင်တော့မည်

လွင်ကို

လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန် ဖုန်းများမှာ CDMA 800 MHz၊ 450 MHz စနစ်များ ဖြစ်ပြီး အင်တာနက် အသုံးပြုနိုင်မည့် McWill ဖုန်းမှာ CDMA 400 Mhz ဖြစ်ကြောင်း၊ အဆိုပါ ဖုန်း စတင်ရောင်းချသည့် ဇန်နဝါရီလ ၈ ရက်နေ့တွင်ပင် အင်တာနက် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။

အင်တာနက် အသုံးပြုခ အနေဖြင့် 128KB အတွက် တနာရီ ကျပ် ၁၂၀၊ 256KB အတွက် တနာရီ ကျပ် ၁၈၀၊ 512KB အတွက် တနာရီ ကျပ် ၃၆၀၊ 1M အတွက် တနာရီ ကျပ် ၄၈၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

McWill ဖုန်းအတွက် ဟန်းဆက်မှာ လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန်ဖုန်းဟု အလွယ်ခေါ်ကြသော 800 Mhz, 450 MHz ဖုန်းများ ကဲ့သို့ပင် တရုတ်ပြည်မှ ထုတ်လုပ်သည့် ဟန်းဆက်ဖြစ်ပြီး ဖုန်းလိုင်းမိသည့် မည်သည့် နေရာတွင်မဆို ကွန်ပျူတာနှင့် ချိတ်ဆက်ကာ အင်တာနက် သုံးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဟန်းဆက်ကို USB ကဲ့သို့ အသုံးပြု တပ်ဆင် ရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတဦးက ဆိုသည်။

No comments:

Post a Comment