ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, February 10, 2012

တစ်လတောင်မခံ တဲ့ မြန်ပြည်ဒီမိုကရေစီ မြန်လိုက်တာ...

။အရှင် ဂမ္ဘီရကို အာဏာပိုင်များ ခေါ်ဆောင်သွား
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာတပါး ဖြစ်သည့် အရှင် ဂမ္ဘီရသည် ယနေ့ နံနက် ၂ နာရီခန့်က ခေတ္တ သတင်းသုံးနေသည့် သင်္ကန်းကျွန်းမြို့နယ် လယ်တီ ၀ိပဿနာ ဘုန်းတော်ကြီးကျောင်းမှ တိုင်းရဲ အဖွဲ့ကလာရောက် ခေါ်ဆောင်သွားကြောင်း သတင်းရသည်။ (ဧရာဝတီ)

ဦးဂမ္ဘီရ သည် ဇန်န၀ါရီ လ ၁၃ ရက် နေ့ က ရွှေဝါရောင် သံဃာ့ လှုပ်ရှား မှု တွင် ဦးဆောင် ပါဝင်ခဲ့
သဖြင့် ထောင်ဒဏ် နှစ်ရှည် အပေး ခံရကာ ဇန်န၀ါရီလ ၁၃ ရက်နေ့  တွင် မြောင်းမြ အကျဉ်းထောင်
မှ ပြန် လည် လွတ်မြောက် လာခဲ့ သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ အသီးအပွင့် တွေ မြင်ရတော့မယ်ထင်တာ...ကြာတောင်မကြာသေးဘူး လွတ်လာတာ တစ်လတောင် မရှိသေးဘူး.... စိတ်မကောင်းစရာပါ... ဘယ်သူမှားတယ် မှန်တာထက် မြန်မာပြည်ဒီမိုကရေ စီ တော်တော် မြန်တာပဲ...

စိတ်တော့ မကောင်းပါဘူး အားလုံး အဆင်ပြေစွာဖြင့် ပြေလည်နိုင်ပါစေ။

5 comments:

  1. ငါ့သူငယ်ချင်းကလည်း စိတ်လောလိုက်တာ... သူတို့က အာရုံဆွမ်းကပ်မလို့ ခေါ်သွားတာပါ။း)
    မြန်မာပြည် ဒီမိုကရေစီလို့ ထင်နေရင်တော့ မင်း မှားသွားမှာပေါ့။ ဒီမိုကရေစီ ရဖို့ လုပ်တုန်း။ လိုသေးတယ် မင်း မြေးတွေ ငါတို့မြေးတွေ လက်ထက်ကြရင်တော့ ရပါပြီ။ ဟားဟား

    ReplyDelete
  2. ကိုးကွယ်ချင်စရာ မှမကောင်းတာ..သူတော်ကောင်းလက်ခဏာနဲ့ မပြည့်စုံသလိုပဲ

    ReplyDelete
  3. ဟုတ်ပါ့ သက်ဝင်းရေ......ကိုထင်ချင်သလို ထင်လို့ ရသလို ကိုယ်လိုသလို ကိုယ်တွေးလို့  ရပါတယ် Anonymous ရေ... မင်းစိတ်မင်းကိုယ် မင်းပိုင်ပါတယ်.. လွတ်လပ်သလို တွေးပါ ယူဆပါ..မင်းစိတ်မင်းဆန္ဒ မင်းသဘော..

    ReplyDelete
  4. Anonymous ရေ ကိုယ်တို့လေးစားတာပါ။ ကိုးကွယ်နေတာ မဟုတ်ပါဘူး။ ကိုးကွယ်တာ ဆိုတာကလည်း ဘာသာချင်းတူတဲ့လူတွေအဖို့သာ ပြောတဲ့စကားပါ။ ၂၀၀၇ သံဃာ့ အရေးအခင်းကို ဦးဆောင်သွားတာ ကမ္ဘာက မြန်မာကို သိသွားကြတာတွေထဲမှာ အဲဒီ ကိုယ်တော် လုပ်ဆောင်ချက် အများကြီးပါတယ်။ ကိုယ်တို့ကတော့ ကိုယ်တို့ မလုပ်နိုင်တဲ့ အရာကို တစ်စုံတစ်ဦး လုပ်ပြသွားတာကို လေးစားနေတာပါ။ သူတော်ကောင်း လက္ခဏာက ဘာတွေလဲဆိုတာတော့ မသိပါဘူး။ ဦးသန်းရွှေကြီးကတော့ တိုင်းပြည်ကို နှစ် ၂၀ ကျော် ဘုရားအထူးခံ ဖြစ်သွားတာ မျက်မြင်ပါပဲ။ သူ့ကိုလည်း လေးစားပါတယ်။ ကိုယ်တို့က တိုင်းပြည်မပြောနဲ့ ကိုယ့်မိသားစုကိုတောင် အနိုင်နိုင် အုပ်ချုပ်နေရတာလေ။ ဟုတ်တယ်မလား ဖိုးကေး။

    ReplyDelete
  5. ဟုတ်ပါ့ သက်ဝင်းရေ...သက္ခာတွေ ခေါ်ခေါ်ထပ် ပေးနေတာ ကို ခံရတာ များလာတော့ လောကဓံ အထုအထောင်း တွေ ကို ဖော်ပြ နေတာ သံဝေဂမယူတတ်သေးတာနေမှာပါ...သက္ခာ ဘယ်ပုံ ထပ်ပေးလည်းတော့ မသိပါဘူး စိတ်တော့ မကောင်းမိဖြစ်ရပါတယ်

    ReplyDelete