ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, March 6, 2012

အပြု သဘော

တစ်ချို့ သတင်းတင်တာတွေ က အပြုသဘော မဆောင်ဘဲ သူတို့  ဖြစ်ချင်တာ မကျေနပ်တာတွေ ရေးတာတွေ တွေ့ ရတော့ မီဒီယာ ကို ဘယ်လို သတ်မှတ် တာလည်းလို့ ထင်စရာ ရှိလာပါတယ် တစ်လော က သတင်း တစ်ခုဆို တစ်နေရာ က မဆိုးပါဘူး နောက်တစ်နေရာ က မကောင်းဘူး မကျေနပ်သံတွေ ပါနေတာ တွေ့ ရတယ်..

တကယ် ဆို တကယ်အခြေအနေ မှန် ကို ဘယ်လိုမှ မသိနိုင်တော့တာ တွေ့ ရပါတယ်..

သတင်းတစ်ခုကတော့ နဂိုထဲ က ပိုပိုသာသာ မကောင်းရေးနေကြနေရာ ဆိုတော့ မကောင်းတာ လျှော့တွေးလို့ ရပါတယ်..

အခု သတင်းသမား တစ်ယောက် ကို တရားစွဲ ဖို့ လုပ်မယ်ကြားရတော့ သတင်း တင် ရာ မှာ ပြင်စေချင် လို့ တင် ရင် သတင်းရေးသူ ရဲ့ စိတ်မှာ အပြုသဘော ဆောင်ဖို့ ရှိမှ ဖြစ်မှာပါ...

ကိုယ့် ရေနံ အတွေ့ အကြုံတွေ ရေးချင်ပေမဲ့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ငန်း ရဲ့ မူအရ မရေးသင့်သေး လို့  တိုက်ရိုက် ရေးမတင်ရတာတွေ ရှိပါတယ် အလုပ်ထွက်လာတယ် ဆိုပေမဲ့ အပြုသဘော ကို ပဲရေးချင်တယ် ဆိုရင်တောင်မှ ဘယ်သူမှ မထိခိုက်အောင် ထိန်းရေးရပါတယ်..

အဆိုတော်တွေ စာသားတွေ သီချင်းတွေ ဆို အရင် က တင်ဖြစ်ပေမဲ့ အခု ဆို မတင်ဖြစ်သလောက်ပါ..သူတို့ ရဲ့ မူပိုင်ခွင့် ကို လေးစားရမှာဆိုတော့လေ..

ဘယ်အရာမဆို အပြုသဘော ဆိုတာတောင် တစ်ခါတစ်လေ မကောင်းတာတွေဘဲတွေ့ ရတာ ကို အပြုသဘော ရေးပေမဲ့ အပျက်တွေ ရေးနေရသလို ဖြစ်ရတာတွေ ရှိပါတယ်...

တစ်ခါက သူငယ်ချင်း တစ်ယောက် က ဖခင်က ပြောတယ် သူငယ်ချင်းဆို တာ ဘယ်သူဖြစ်ဖြစ် ပေါင်းရတာပဲ ရန်တော့ မဖြစ်စေနဲ့ တဲ့ အဲလိုဖြစ်တာနဲ့  ဘောင်ကျဉ်းသွားလိမ့်မယ်တဲ့...

အဲလိုပဲ ရန်ဖြစ်သလို အပြုမဆောင်တဲ့ စာတွေ ရေးနေရင်တော့ ဘောင်တွေ ကျဉ်းနေ တရားတွေ ရင်ဆိုင်ရတာတွေ ရှိနေမှာပါ..

မြန်မာပြည် က အခုမှ ကောင်းမလိုရှိသေးတာပါ...စမ်းသပ်ခံနိုင်သေးတာ မဟုတ်ပါဘူး...မိမိဘောင်မိမိ မခတ်မိစေချင်ပါ..

No comments:

Post a Comment