ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, March 12, 2012

မြန်ပြည်သား ဆို ထာဝရ

မြန်ပြည်သား ။ ။မြန်ပြည်မှာ လူဖြစ်ရတာတော် တော်ကံကောင်းတယ်

အမေရိကန် နိုင်ငံသား ။ ။ဟ ဘယ်လိုဖြစ်ရတာလဲ...ဒီမိုကရေစီ တောင်ကောင်းကောင်း မရသေးဘဲနဲ့ ကွာ..

မြန်ပြည်သား ။ ။အခုဖော်ဆောင် နေတယ်လေ...

အမေရိကန် နိုင်ငံသား ။ ။အခု မှ စဖော်ဆောင်တာ ရှိသေးတာ ကိုကွာ...ကောင်းတယ်လေး ဘာလေးနဲ့ ...

မြန်ပြည်သား ။ ။အေး လေ အခု စဖော်ဆောင်တာ တောင် မင်းတို့ ထက်သာတယ်...ဝိညာဉ်တွေ တောင် မဲပေးလို့ ရအောင် လုပ်ထားပေးတာ...မင်းတို့ နိုင်ငံမှာ ဝိညာဉ်တွေ အခုထိ မဲပေးလို့ ရလို့ လား...အခု ဒီမိုကရေစီ အစတောင် ဒီလို အသိအမှတ်ပြုတာ...

မြန်ပြည်သား ဆိုတာ သေတာတောင် အသိအမှတ်ပြုခံရတယ် ဒီလောက်ကောင်းတဲ့နိုင်ငံ ကမ္ဘာ ပေါ်မှာ ဘယ်နိုင်ငံ ရှိသေးလို့ လဲ...

မြန်ပြည်သား က ထာဝရ ပါကွ...

No comments:

Post a Comment