ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, March 20, 2012

ဒီမှာတောင် မှောင်နေတာကိုဗျာ.

ဒီဟာသ လေး မရေးခင် ဟိုရက် ကတောင်ဥက္ကလာ မှာ မီးလောင်တောင် ကို အခု ထွက်တဲ့ ဂျာနယ်တွေ မှာ ဖတ်ရတော့ သတင်းရေးသူက သူ့ အထင် ကိုရေးတင်တာ ကို တွေ့ ရတော့ သတင်းယူတာထက် ထင်မြင်ချက်တင်တာ ကို တွေ့ ရတော့

အမှုတွေ ဖြစ်လာနိုင်တာတွေ ကတော့ မဆန်းပါဘူး

ဒီမှာ က အဲဒီသတင်းတွေ ကို သိပေမဲ့ စည်းရှိပါတယ် ရေးသင့်သလား ဘာကိုပဲ အကျိုးပြုမှာလည်း မထူးဘူး မှတ်ဖို့ မလိုဘူး ဆိုတာတွေ ကို ရေးဖို့ မလိုတာ ကို မရေးတာ အကောင်းဆုံးလို့ ထားတာပါ...

မီးလောင်တော့ မီးဖြတ်တာ ကို ဂျာနယ် သမားက မီးချို့ ယွင်းချက် လို့ ပြောထားရေးထားတာ ကို တွေ့ ရတာပါ..

တကယ်ဆိုရင် ဘယ်လိုရေးရမယ် ရေးသင့်တယ် ဆိုတာ သူတွေ့ တွေ တောင် မသိသာ ဒီမှာ ရေးသူတွေ မှာ ရေးချင်သလို သာ ရေးနေမယ်ဆိုရင် ဘယ်ကောင်းပါတော့မှာလဲ...

အယူအဆ မတူတာတွေ ကိုအတွေး မတူတာတွေ ကို လက်ခံပါတယ် သတင်းကသတင်းပါ ထင်မြင်ချက် ထပ်ပေးလို့ ရပါတယ်

သတင်းနဲ့ ထင်မြင်ချက်ဝေဖန်ချက် မတူတာ ကို သိသင့်ပါတယ်...ဂျာနယ် သမားတွေ အမှုတွေ ဘာတွေ ဖြစ်တာကို မဖြစ်စေချင်တာရယ် လွတ်လပ်ခွင့် ကို အပြည့်အဝ အသုံးချစေချင်ပါတယ်..

အခုရေးမည့် ဟာသ လေး ကတော့ တစ်ချိန်တုန်း က တကယ်အဖြစ်အပျက်လေး ကို ပြန်ရေးတာ ပါ...

...........ဒီမှာတောင် မှောင်နေတာ ကိုဗျာ........

တစ်ချိန်က ရန်ကုန်မှာ မီးတွေ က လာလိုက် ပျက်လိုက် နဲ့ 

နောက်ပိုင်းကျတော့ ဟိုဘက်လမ်း မီးလာ အလှည့်

ဒီဘက်လမ်း မီးလာ အလှည့် ဆို တာတွေ ဖြစ်လာရော

အဲလိုနဲ့ ဒီနေ့ ဆို ဟိုဘက်လမ်း မီးလာပြီးရင်

မနက်ဖြန် ညနေ ၈ နာရီလောက်ဆို မီးလာတော့ မှာဆိုပြီး မီးလာရင် လုပ်စရာရှိတာတွေ လုပ်ဖို့ ပြင်ထားကြသတဲ့

ဖြစ်ချင်တော့ အဲဒီနေ့ ညက ၈နာရီကျော်လည်း မီးမလာ တော့

စိတ်မရှည်တဲ့ အိမ်တစ်အိမ် ကအဲဒီနယ်မြေ လျှပ်စစ်ဌာန ကို ဖုန်းဆက်ပြီး ပြောသတဲ့

သူတို့ အိမ် မီးလာရမည့် နေ့  ဆိုပြီးတော့

လျှပ်စစ်ဌာန ကလည်းပြေပြေလည် လည်ပါဘဲ ဟုတ်ကဲ့ အဆင်ပြေအောင်စီစဉ်နေပါတယ် ဆိုပြီး ယဉ်ယဉ်ကျေးကျေး ပဲ ပြန်ပြော သတဲ့

ဒါပေမဲ့ မီးမလာသေးလို့ စိတ်တို နေတဲ့အိမ်က မရ ရအောင်လုပ်ပေးဆိုပြီး တောင်းဆိုသတဲ့

အဲဒါနဲ့  မီးဌာန ကနေ ပြန်ပြောလိုက်တာကတော့ ...

.....ဒီမှာတောင် မှောင်နေတာ ကို ဗျာ... ဆိုပြီးဖုန်းချလိုက်သတဲ့...

No comments:

Post a Comment