ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, October 16, 2010

ရန်ကုန်တိုင်း တောင် ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမည့် ကိုယ်စားလှယ် နှစ်ဦး


ဝေမိုး

ဦးအောင်သိန်းလင်းနှင့် ကိုကောင်းမြင့်ထွဋ်
ကိုယ်စားလှယ် နှစ်ဦးစလုံးသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင် ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။

ကိုကောင်းမြင့်ထွဋ် ကိုယ်ရေးအကျဉ်း

ကိုကောင်းမြင့်ထွဋ်သည်၃၅ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုကြီးတွင် ပါဝင်ခဲ့မှုကြောင့် အသက် ၁၃ နှစ် အရွယ်တွင် အဖမ်း ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် နှင့် ၁၉၉၀ ခုနှစ်အကြားတွင် သုံးကြိမ်ဆက်တိုက် အဖမ်းခံခဲ့ရပြီး ၁၉၉၁ ခုနှစ်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ရသည်ဟု သိရသည်။

ဗီဒီယိုထုတ်လုပ်သူတဦးဖြစ်သည့် ကိုကောင်းမြင့်ထွဋ်သည် ပြီးခဲ့သည့် မတ်လတွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရန် ခွင့်ပြု ခဲ့စဉ်က မြန်မာ့ ဒီမိုကရေစီ ကွန်ဂရက်အမည်ဖြင့် ပါတီတည်ထောင်ရန် အားထုတ်ခဲ့ဖူးသည်။ သို့ရာတွင် ဘဏ္ဍာငွေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပါတီဝင် စုဆောင်းရာ၌ အခက် အခဲများရှိသောကြောင့် ပါတီတည်ထောင်မည့် အစီအစဉ် မဖြစ်ခဲ့ဟု သိရသည်။


ဦးအောင်သိန်းလင်း ကိုယ်ရေးအကျဉ်း

ဦးအောင်သိန်းလင်းသည် အသက် ၅၈ နှစ်ရှိပြီး ၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ခမရ ၁၀၁ ၏ တပ်ရင်းမှူးဖြစ်လာခဲ့သည်။

ထို့နောက် စက်မှု (၂) ဒု ၀န်ကြီးဖြစ်လာကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့) ၏ အလုပ်အမှုဆောင်တဦး လည်း ဖြစ်ခဲ့သည်ဟု သိရသည်။ ကြံ့ဖွံ့အသင်းကို ဧပြီလတွင် ကြံ့ဖွံ့ပါတီ အဖြစ် အသွင်ပြောင်းခဲ့သည်။ ဦးအာင်သိန်းလင်း သည် ၂၀၀၃ ခုနှစ်၌ ရန်ကုန် မြို့တော်ဝန် ဖြစ်လာခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ရဲ့ ကိုယ်စားလှယ် ကိုယ်ရေးအကျဉ်း

အမျိုးသမီးမှာ နိုင်ငံရေးနောက်ခံ မရှိတာ သူ့ရဲ့ မဲဆွယ်ကြေညာချက်တွင်တွေ့ ရ။

“မြို့တော်ဝန်ရဲ့ နိုင်ငံရေးနောက်ခံနဲ့ ကိုကောင်းမြင့်ထွဋ်ရဲ့ နိုင်ငံရေးနောက်ခံက လားလားကြီး ဆန့်ကျင်နေတာပါ။ ဦးအောင်သိန်းလင်းက ဗိုလ်ချုပ် ပြီးတော့ ကြံ့ဖွံ့အသင်းဝင်၊ ကိုကောင်းမြင့်ထွဋ်က စစ်တပ်ရဲ့ မတရားမှုတွေကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးအတွက် ဦးလည်မသုံရပ်တည်နေတဲ့ ဆယ်ကျော်သက် နိုင်ငံရေးအကျဉ်းသားဟောင်း”ဟု တောင်ဥက္ကလာပ နေ အမည်မဖေါ်လိုသူ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

“တောင်ဥက္ကလာပမှာ ကျနော်အနိုင်ရတယ်ဆိုရင် ကျနော့် မဲဆန္ဒနယ်အတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တခြားရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်တွေလည်း အလားတူ လုပ်ဆောင်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟုလည်း ဦးအောင်သိန်းလင်းက ဆိုပါသည်။

“ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေက အစိုးရ၀န်ကြီးတွေ အရာရှိကြီးတွေ ဖြစ်နေကြတော့ တခြားကိုယ်စားလှယ်တွေထက် မဲဆွယ်တဲ့နေရာမှာ ပိုပြီးအခွင့်အရေး ရကြပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေ တကယ်ရှာနေကြတာက သူတို့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ အခြေခံ အခွင့်အရေးတွေ အတွက် စည်းရုံးလှုံ့ဆ်ာပေးမယ့် လူမျိုး ကိုပါ”ဟု ကိုကောင်းမြင့်ထွဋ်က ဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အခုရွေးကောက်ပွဲက ကျနော်တို့ မြင်တွေ့လိုတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် မယုံကြည်ပါဘူး”ဟု ကိုကောင်းမြင့်ထွဋ် က ဆိုသည်။

“ဒါပေမယ့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒါမှမဟုတ် တစည(တိုင်းရင်းသား စည်းလုံးညီညွတ်ရေး) ပါတီက စစ်အရာရှိဟောင်း ကိုယ်စားလှယ်တွေအစား အစားထိုးရွေးချယ်စရာတခုတော့ လူထုကို ပေးသင့်တယ်လို့ ကျနော်ထင်တယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။

အကျဉ်းကျနေဆဲ ၁၉၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ၎င်း ရွေးကောက်ပွဲတွင် ပါဝင်ရသည့် အကြောင်းအရင်းကို နားလည်ကြလိ့မ်မည်ဟု မျှော်လင့်ကြောင်းလည်း ကိုကောင်းမြင့်ထွဋ်က ပြောသည်။

ဒီမဲဆန္ဒနယ်မှာ မဲမလိမ်ပါက၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေပိုပြီးအလားအလာကောင်းတဲ့ ကိုယ်စားလှယ်တွေ ဖြစ်လာမှာပါ ။
စောင့်ကြည့် ရမည်သာ။ ။

No comments:

Post a Comment