ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, March 25, 2012

အရက် မူးယစ်ဆေးဝါး မကောင်းမူမှ အကောင်း ရှာဖွေ...အရင်းအမြစ်ကတော့ မကောင်းမူဆောင်းပါး

ဒီအကြောင်း ရေးဖို့ စဉ်းစားနေတာတော့ ကြာပါပြီ မကောင်းမှု ကို ရေးရ မှာဆိုတော့ အကျိုး မရှိ ဆောင်းပါး တစ်ခုပါ...ဒါပေမဲ့ မကောင်းမှုမှာမွေ့ လျော်တတ်သော လူ့ ဘဝ မှာ တွေ့ နေရတော့ ရေးဖို့ လိုလာလို့ ပါ..

ဘီယာ သောက်ပြိုင်တာတွေ ဘာတွေ လုပ်တာမျိုးတွေ ကြားနေရတော့ အသက်ကြီးသူတွေ အသက် ၂၀ ကျော်သူတွေသောက် တာ အကြောင်း မဟုတ်ပေမဲ့ ငယ်ရွယ်သူတွေ ပါ ပါတယ်ဆိုတော့ ဥပဒေ က မသတ်မှတ်ပေးသော ကိုယ့် မြန်မာ ပြည်အတွက် မကောင်းမှု ကို ဘယ်လောက် အထိလုပ်လို့ ရတာကို သိစေချင်လာပါတယ်...

အသက် ၂၀ ကျော် ဆိုရင် မြန်ပြည်သားတော်တော် များများ အတွက် လူ့ ဘဝသက်တန်း သုံးပုံတစ်ပုံ လောက် ရောက်နီးနီး ဖြစ်နေတော့ အဲလိုလူတွေ သောက်လည်း မထူးပါဘူး ၂၀ ကျော်မှာသောက် ၄၀ကျော် ရောဂါရ ၆၀ လဲကျော် ရေဝေးလည်းခေါ် ပျော်ပျော်သာသွား လောက ကြီးက မဆန်းပါဘူး..

ငယ်ရွယ်သူတွေ အတွက်တော့ ကြီးပြင်းမူ မှတ်ဥာဏ်တွေ ကို မကောင်းမှုတွေ မှာပျော်မွေ့ သွားကြမှာပါ.. မကောင်းမှု ကကောင်းမှုထက် ဆွဲဆောင်အားကောင်းတာလည်းပါတာ ကိုး

အရက် ..ဘီယာ ကို ကြည့်ရအောင်

ကောင်းတာကတော့ သောက်ရင် သောက်သလောက် မူးတာပါ အဲဒါ အတွက်တော့ သူကသစ္စာ ရှိပါတယ် လူနဲ့ တော့ နည်းနည်း ကွာပါတယ်...

ဟုတ်ပြီ ဘယ်လောက် အထိ မူးသလဲ ဘယ်လောက်ဆို ကောင်းတာ ဆိုတော့ ပုံမှန်ဆိုရင် လူတိုင်း သူ့ လစ်မစ်နဲ့ သူရှိကြပါတယ် အဲဒီ လစ်မစ် လောက်ပဲ ဆိုရင် ဇရက်မင်း စည်းဇိမ် ကို ရနိုင်ပါတယ်

စကားပြောလို့ လည်းကောင်း တိုင်ပင်ဆွေးနွေးလို့ လည်းကောင်း အခြေအနေ ပါ..

ဒါကြောင့် အလုပ်တွေ မှာ ညစာစားပွဲ ဆန်ဆန် သောက်ပွဲတွေ လုပ်ပေးနေတာပါ...

ဒါကြောင့် လူတစ်ချို့ ဟာ မသောက်ချင်လည်းသောက် သောက်ချင်လည်းသောက် ဖြစ်ကြရပါတယ်...

ဒါကြောင့် ကောင်းမှု မဟုတ်ပေမဲ့ စကားကောင်းကောင်းပြောရဖို့  နူတ်သွက် အာသွက် ဖြစ်အောင် သောက်နေရသူတွေ တစ်ပုံကြီးပါ..

သောက်ရင် ဆိုးတဲ့ အဖြစ်ကတော့ ရေချိန်ကကိုက် အမူးကလွန် လာရင်တော့ ဥသြ ဆွဲတတ်လာကြပါတယ်

အဲလိုဖြစ်ရင် ဒေါင်ချာစိုင်းပြီး အမူးလွန် အန်ဖတ်ဆို့  နောက်ရက်တွေ သောက်ချင်စိတ်လုံးလုံး ပျောက်ပြီး အရက်နာ ကျတတ်ပါတယ်

ဘယ်လို ကုစားမလည်းဆို မနက်အစောကြီး မှာ ပြန်ဖြေတတ်သူတွေ ရှိပါတယ်..

အဲလိုထက်ကောင်းတာကတော့ မရဏလမ်း အရောက်ပို့ နည်းလေး ပေးပါရစေ...

အဲလို အန်တာတွေ ဘာတာတွေ ဖြစ်လာရင်...မျက်နှာသစ် ခေါင်းကို ရေနဲ့ လန်းအောင်လုပ် နားထဲသံပရာရည် ညစ်ထည့်တာတော့ မကောင်းပါဘူး အက်ဆစ်လောင်းထည့်သလို ဖြစ်တာကိုး

အဲလိုအချိန် မှာ သတိလွတ်တတ်တာ က စက္ကန့်  ၃၀ တစ်မိနစ်လောက်ပဲဖြစ်တတ်တာပါ ကျန်တာတွေသိနေတတ်ပါတယ် သတိထား ရင်သိမှာပါ..စက္ကန့် ၃၀ လောက် သတိလွတ်လိုက်ပြန်သိလိုက်ကို

မျက်နှာသစ် ရေနဲ့ လန်းအောင်လုပ်ပြီး ဂျင်ဖြစ်ဖြစ် သောက်စရာ အရက်ဖြစ်ဖြစ် ဘီယာဖြစ်ဖြစ် ထပ်တိုက်လိုက်ရင် ပြန်သောက်လို့ ရပါတယ် သောက်ကြည့် ရင် နောက်တစ်ရက် အရက်နာ မကျတော့ပါဘူး အသေတော့စောမှာပေါ့...

နံနက်ပိုင်းငေါင်တောင်ခဏဖြစ်ပေမဲ့ တစ်နာကျော်နှစ်နာရီလောက် ဆို အရက်ပြန်သောက်လို့ ရတဲ့စိတ် ဖြစ်လာပြီး အရက် ကို ကြိုက်တတ် သောက်တတ်သွားမှာပါ..

အရက် ကို အရှူံး မပေးဘဲ သောက်ရဲဖို့ လိုပါတယ်...

ဇရက်မင်းစည်းစိမ် ကို ခံတတ်လာပြီး မြင်းစီးကောင်းတတ်လာမှာပါ ဇိုးသမား ကောင်းဖြစ်မှာပါ...

ဘယ်လောက်သောက်သောက် မူးမလာတာရယ် မူးရင်ရောထပ်သောက် လုံးချာလည်ပြီး ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ နဲ့  လောကကြီး ကို စောစော ထွက်ရမှာပါ..လောကကြီးမှာ ကြာကြာနေဖို့ စိတ်ကူး မရှိရင်ပေါ့...

အခုလူငယ်တွေ ကို အရက်သောက်တယ် မူးတယ် လက်ရဲဇက်ရဲ ရှိလာတာထက် အရက်ကို တစ်ဝသောက် နောက်သောက်စရာ မလိုလောက်အောင် လုပ်လိုက်ရင် အရက် ကို ရှောင်တတ်လာမှာပါ..

အရက်နာကျရင်တော့ တစ်လ လောက်ပဲ ကြာတတ်ပြီးနောက်ပြန်သောက်ဖို့ တာစူလာမှာပါ...

တကယ်ဆိုရင် အသက် ၂၀ မကျော်ရင်သောက်ခွင့် မရှိတာတွေ ဥပဒေ ကျပ်ကျပ် မှတ်မှတ် ရှိရင်ကောင်းမှာပါ...

လူငယ်တွေ အနာဂတ် ကောင်းဖို့  စည်းတားစေချင်လို့ ပါ...အသက်ကြီးသူတွေ များများသောက်မြန်မြန်လျောတာ အကြောင်းမဟုတ်ပါဘူး

ခွင့်ပြုမိန့် ရလို့ သောက်ပွဲကျင်းပတယ်ဆိုရင်တော့ မပြောတတ်တော့ပါဘူး...လူကိုဖျက်တာထက် စာရိတ္တ ကို အရိုက်ချိုးခံနေရတာလည်းဖြစ်နိုင်ပါတယ်.

အလုပ်အတွက် သောက်တာကောင်းပေမဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ် မိသားစုအတွက် အချိန် ဆုံးရှူံး ကျရပါတယ်..

သားသမီး အတွက် စဉ်းစားချိန်လျော့နည်းသွားတာပါ...ကြာရင် မကောင်းမှုတွေ ပါဆက်လာတတ်ပါတယ်

မူးယစ်ဆေးဝါး ကို ကြည့်ရင် ဇိမ်ခံချင်လို့ သောက်ကျတာ တွေ များပါတယ်

လေထဲမှာ လွင့်မျောသလို သတိလွတ်လွတ် သွားတာ ကို ပျော်မွေ့ ကျတာပါ..တတ်ကြွတာတွေ ပိုများလာတာတွေ ပဲရှိတာပါ...

ထိုင်းမှိုင်းလးလံ ပျင်းယိ လာတတ်ပါတယ် ဖြတ်မရတာတော့ မရှိပါဘူး အဲဒီမှာပျော်မွေ့ တာကို ရုန်းမထွက်ချင်တတ်ကြတာပါ..

အဖြူဖြတ်သူငယ်ချင်း ကပြောတယ် မကြိုက်လို့ တော့ မဟုတ်ပေမဲ့ စောစော မသေချင်သေးလို့ ကိုယ့်စိတ်ကိုယ်ပိုင်းပြီး ဖြတ်တာတဲ့

သူနဲ့ အတူလူတွေ စတုတ္ထနိဗာန် မှာ ပျော်မွေ့ သွားရတာတွေ မြင်တာလည်းပါတာပေါ့ ပြန်မလာ နိုင်တော့ဘူးကိုး

အဲဒီမှာ တစ်ခုရှိတာက ဆေးခြောက် ကို အခုဂျပန် မှာ ပုံစံတူပဲလား တော်တော် ဆင်တဲ့ဟာတွေတွေ့ ရတယ် သုံးတာမတတ်တော့ ဆေးရုံရောက်တာတွေ ပါတွေ့ ရတော့

ဒီအတိုင်းသောက်ရင် ပုံစံ မမှန်ရင် ပြန်အန်တာတွေ ရှိတာပါ..ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ လိုပါတယ် အမှန်တော့ ရေထဲဖြတ်ပြီး သောက်တာကတော့ ဘေးထွက်ဆိုကျိုး နည်းပါတယ် မကောင်းမှုမှာပျော်သူတွေ တားမရရင်တော့ သုံးရင်လည်း ဘေးထွက်ဆိုးကျိုး နည်းသော နည်း ကို သုံးတာ အကောင်းဆုံးပါ

ဂျပန်မှာတွေ့ တာကတော့ တိုက်ရိုက် ရှိုက်ဖွာနည်း ကို သုံးတာ ရယ် တားမြစ်တာတွေ ရှိနေတာ ရှိတော့ တော်တော်လေး မလွယ်ကူတာတွေ့ ရတော့ ဝေးဝေးရှောင် နိုင်ကြမှာပါ...

ဆေးခြောက်မှာ ဘာကောင်း ကျိုး ရှိလည်းဆိုတော့ မြန်ပြည်မှာ ချောင်းသာ က ပင်လယ်ထဲဆင်းရသူတွေ က ရေဘဝဲ ပတ်ရင် ဆေးခြောက် ကို ငုံထားလိုက်ရင် ချက်ချင်းပြန်ပြေသွားတယ်တဲ့

ရေဘဝဲတောင် ဆေးခြောက်ကို ကြောက်တာ လူတွေလည်း ဝေးဝေးရှောင်နိုင်ကြပါစေ...

ဒီဆောင်းပါးမှာတော့ ကောင်းတာတွေ မဟုတ်ပေမဲ့ မကောင်းမှုပျော်မွေ့ သူတွေ မိမိဘယ်လိုအခြေအနေ ကို ပြန်ကြည့်ရင်း သုံးသပ်ဆုံးဖြတ်လို့  အသက် ရှည်နိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်

2 comments:

  1. မှန်ပါ့ဗျာ။ ကျုပ်တောင် ကိုယ့်ဘာသာကို ပြန်မြင်လာလို့ အတင်း ဖြတ်ခဲ့ရတာကိုး။ အရက်လည်း စွဲဘူးပါရဲ့၊ ဆေးခြောက်လည်း မကင်းခဲ့ပါဘူး၊ ဆေးပြားလည်း နည်းနည်းတော့ လုပ်ခဲ့တာပါပဲ။ ဒါပေမယ့် မကောင်းမှန်း သိနေတော့ အချိန်တန်တော့လည်း ပြတ်စဲ ခဲ့ရတာပဲပေါ့။

    ReplyDelete
  2. အချိန် ရယ် အခါရယ် ကစကားပြောတော့လည်း ကောင်းတာပါပဲ...မကောင်းမှု ကို ဝအောင်လုပ်ပြီးသွားရင် ရပ်သွားတတ်တာ အကောင်းဆုံးပါ... အရက် ဆို သောက်ပြီး ၄၈ နာရီထိ ကိုယ်တွင်းကလီဇာတွေ မှာ ကျန်နေ စစ်ထုတ်မရရှိတာ ကိုး မကောင်းမှုလည်း အချိန်တစ်ခုမှာ ပျက်ပယ်သွားရင် ကောင်းတာပေါ့

    ReplyDelete