ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, September 11, 2010

ထိုင်းဘက်မှ နှစ်နိုင်ငံနယ်စပ်မျဉ်း သောင်းရင်းမြစ်တွင် ကမ်းထိန်းနံရံတည်ဆောက်ခဲ့သည်ကို မဲဆောက်-မြ၀တီတံတားပိတ်


ခေတ်ပြိုင်
ရဲရင့်

သောင်းရင်းမြစ်အတွင်း ကမ်းထိန်းနံရံများ တည်ဆောက်မှုအပြီးတွင် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောကို မြန်မာဘက်မှ ပြန်ဖွင့်မည့်ကိစ္စသည် ထိုင်းဘက်မှ မျှော်လင့်ထားသကဲ့သို့ ယခုနှစ်အတွင်း လုံးဝဖြစ်နိုင်ချေမရှိဟု ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတခု၏ တာဝန်ရှိသူတဦးက ပြောသည်။

“မြန်မာဆောက်လုပ်ရေး ကုမ္ပဏီကြီး (၄) ခု မြ၀တီမှာ ကမ်းထိန်းနံရံတွေ ဆောက်နေပါတယ်။ တကယ်တမ်း စက်ယန္တရားအား လူအားနဲ့ လုပ်လိုက်ရင် တလ နှစ်လ ဆိုရင် ပြီးပြတ်ရမယ့်ကိစ္စပါ။ ကျနော်တို့မှာ ပြဿနာက လိုအပ်တဲ့ပစ္စည်းတွေကို အလုံအလောက်မရဘူး။ ထိုင်းဘက်ကပစ္စည်းတွေနဲ့လုပ်ရင် ပြီးတာကြာပြီ။ ကျနော် ထင်တာကတော့ နိုင်ငံရေးပြဿနာတွေ တခုခုရှိမယ် ထင်တယ်” ဟု ပြောသည်။

မြန်မာဘက်မှ မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောကို သောင်ရင်းမြစ်အတွင်း ကမ်းထိန်းနံရံများ တည်ဆောက်မှုအပြီးတွင် ပြန်ဖွင့်မည်ဟု နယ်စပ်ကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူတဦးက ပြည်တွင်းအပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောကြားခြင်းနှင့် ပတ်သက်၍ ၎င်းက ဆက်စပ်ပြောကြားခြင်းဖြစ်သည်။

လက်ရှိ မြန်မာဘက်မှ ကမ်းထိန်းနံရံတည်ဆောက်မှုသည် စက်ယန္တရားအင်အားမပါဘဲ လူအားဖြင့်သာ ဆောင်ရွက်နေသည့်အတွက် နေပြည်တော်မှသတ်မှတ်ချက်၏ (၅၀) ရာခိုင်နှုန်းခန့်သာ ပြီးစီးပြီး ကျန်တ၀က်ကို လက်ရှိနှုန်းထားဖြင့် သွားပါက သေချာပေါက် ယခုနှစ်ကျော်မှ ပြီးနိုင်မည်ဟု သိရသည်။

မြ၀တီမြို့နှင့်ထိစပ်နေသည့် သောင်းရင်းမြစ်ကမ်းနဖူး ရေတိုက်စားခြင်းမှကာကွယ်ရန် ကမ်းထိန်းကျောက်စီနံရံများကို ပေ (၁၀၀) နှုန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် (၇,၇၆၅) ပေ ဆောင်ရွက်ပြီးသွားပြီးဖြစ်ကြောင်း သိရသည်။

ကမ်းထိန်းနံရံတည် ဆက်လက်တည်ဆောက်ရန် (၇,၅၃၅) ပေ ကျန်ရှိနေပြီး ဦးစားပေးဆောင်ရွက်ရမည့်နေရာမှာ ပေ (၂,၅၀၀) ခန့်ရှိသည်ဟု မြ၀တီမြို့ဆောက်လုပ်ရေးဌာန၏ ၀န်ထမ်းတဦးက ပြောသည်။

မြ၀တီမြို့ခံ ကုန်သည်ကြီးတဦးက “ကမ်းထိန်းနံရံပြီးရင် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်ဆိုတာကဟုတ်ပါပြီ။ ပေ (၇,၅၀၀) ကျော် ကျန်သေးတယ်ဆိုတော့ တွက်သာကြည့်တော့။ မြန်မာဘက်က လုပ်တာကိုင်တာတွေက အတော့်ကို ကလေးကလားဆန်တယ်။ သိတဲ့အတိုင်းပဲ။ ထိုင်းနဲ့ပတ်သက်လို့ တစုံတရာပြဿနာဖြစ်တိုင်း မြန်မာဘက်က တံတားကိုပဲ ရမယ်ရှာနေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီနယ်စပ်ဂိတ်(မြ၀တီနဲ့ရန်ကုန် (၂၆၅) မိုင်)ကို မြန်မာဘက်မှ ပိတ်ထားပြီးနောက်ပိုင်း ထိုင်းကုန်ပစ္စည်းများကို တာချီလိတ်နယ်စပ်နှင့် ကော့သောင်းနယ်စပ်တို့မှတဆင့် တင်သွင်းရန် မြန်မာနယ်စပ်ကုန်သွယ်ရေးဌာနက ခွင့်ပြုထားသည်။

မြန်မာဘက်က ထိုင်းကုန်ပစ္စည်း တင်သွင်းမှုကို ပြီးခဲ့သည့်ဇူလိုင် (၁၁) ရက်မှ စတင်ကာ ပိတ်ပင်ခဲ့ပြီး ဇူလိုင် (၁၈) ရက်မှ စတင်ကာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောရှိ ချစ်ကြည်ရေး တံတားအပါအ၀င် ဆက်စပ်ဂိတ် (၂၀) ခန့်ကို မြန်မာဘက်က ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြ၀တီလမ်းကြောမှတဆင့် လစဉ် လူသုံးကုန်၊ စားသုံးကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံး ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို ဘတ်ငွေသန်း (၁,၀၀၀) ဖိုးခန့် မြန်မာဘက်သို့ တင်ပို့လျက်ရှိရာမှ ရပ်တန့်သွားခြင်းဖြစ်သည်။

No comments:

Post a Comment