ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, September 13, 2010

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်စက်မှုဇုန် (၂) တွင် စက်ရုံမီးလောင်သဖြင့် သိန်း (၁,၀၀၀) နီးပါး ဆုံးရှုံး



ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်စက်မှုဇုန်တွင် ယမန်နေ့ နံနက် (၃) နာရီခွဲကျော်၌ စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ သိန်း (၁,၀၀၀) နီးပါးခန့် ဆုံးရှုံးခဲ့ရကြောင်း စက်ရုံမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက “ကာလပေါက်ဈေးကတော့ စက်ရုံတရုံတန်ဖိုးက သိန်း (၁,၀၀၀) နီးပါးပဲလေ။ အဲဒီမှာရှိတဲ့ စက်ပစ္စည်းတွေ၊ ကုန်တွေ အားလုံး လောင်သွားတာကိုး” ဟု ပြောသည်။

အဆိုပါစက်ရုံမှာ ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် (၂) အတွင်း မေခလမ်းနှင့် လသာ (၂) လမ်းထောင့်ရှိ (ပေ ၄၀ x ပေ ၆၀) အရွယ်အစား ငါးစာအမှုန့်ကြိတ်စက်ရုံဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ယင်းစက်ရုံတခုလုံး ပြာကျခဲ့ရကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ မီးသတ်ရဲဘော်တဦးက ပြောသည်။

မီးလောင်မှုအချိန် (၃) နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းစက်ရုံတွင် အသုံးပြုသော မီးသွေးမီးဖိုမှ မီးကြွင်းမီးကျန်က စတင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ပြောကြားသည်။

မီးလောင်စဉ် မီးသတ်ကားအစီး (၂၀) ခန့် လာရောက်ငြိမ်းသတ်ခဲ့ရကြောင်း အဆိုပါစက်မှုဇုန်မှ မျက်မြင်တဦးက ပြောသည်။

No comments:

Post a Comment