ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, September 28, 2010

မန္တလေး နှင့် ပြင်ဦးလွင် တွင် လိုင်းဖုန်းများ ၂၄ နာရီ အတွင်း အပြီး တပ်ဆင် ပေးလျက်ရှိ

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မန္တလေးမြို့ နှင့် ပြင်ဦးလွင်မြို့ တို့တွင် အော်တို တယ်လီဖုန်း လိုင်းများကို စက်တင်ဘာလဆန်းမှ စတင်၍ ၂၄ နာရီ အတွင်း အပြီးသတ် တပ်ဆင် ပေးလျက် ရှိကြောင်း သိရသည်။ မန္တလေးမြို့တွင် စက်တင်ဘာလ ၆ ရက်မှ စတင်၍ ပြည်ကြီး ရန်လုံ ၊ ပြည်ကြီး ချမ်းသာ ၊ အမရဌာနီ (အရှေ့) ၊ အမရဌာနီ (အနောက်) ၊ ဒေါနဘွား ၊ ဥပုသ်တော် ၊ ရွှေဘုန်းရှိန် ၊ ကျွန်းလုံး ဥသျှောင် ၊ သံလျက်မော် (အရှေ့) ၊ ချမ်းမြသာစည် (တောင်) ၊ ချမ်းမြသာစည် (မြောက်) နှင့် မဟာအောင်မြေ (အနောက်) ရပ်ကွက် များတွင် တပ်ဆင် ပေးလျက် ရှိသည်။

ထို့အတူ ပြင်ဦးလွင်မြို့တွင် လည်း ၀၈၅-၂၈ ဖြင့် အစ ပြုသော အော်တို တယ်လီဖုန်းလိုင်း များကို နေ့ချင်းပြီး တပ်ဆင် ပေးလျက် ရှိကြောင်း သိရသည်။ ပြင်ဦးလွင် မြို့နယ် အော်တို အိတ်ချိန်းရုံး မှ တာဝန်ရှိသူ တစ်ဦးက “စက်တင်ဘာလ တစ်လ တည်းပဲ ဆောင်ရွက်သွား မှာပါ။ ရက်ထပ်တိုးဖို့ ဆိုတာ ကတော့ မန္တလေးတိုင်းရဲ့ ညွှန်ကြားချက်နဲ့ ဆိုင်ပါတယ်။ ဒီတစ်ပတ် အတော အတွင်းမှာတော့ အလုံးရေ မကန့်သတ်ဘဲ လျှောက်ထား သမျှ ချထားပေး ပါမယ်။

ဒီနေ့ ငွေသွင်း ပြီးရင် ဒီနေ့ အပြီး တပ်ဆင်ပေး ပါတယ်” ဟု ပြောသည်။ အော်တိုတယ်လီဖုန်း များ၏ ကနဦး တပ်ဆင်ခမှာ ကျပ် ၁၀ သိန်းဖြစ်ပြီး လျှောက်ထားပြီး ၂၄ နာရီ အတွင်း တပ်ဆင် ပေးမည် ဖြစ်ကာ ဖုန်း တပ်ဆင် လိုသူများ အနေဖြင့် လျှောက်လွှာ၊ နိုင်ငံသား မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စု ဇယား မိတ္တူ တို့ကို တင်ပြ လျှောက်ထား ရမည် ဖြစ်သည်။

မန္တလေးမြို့မှ လျှောက်ထားသူများ အနေဖြင့် မန္တလေးတိုင်း ဒေသကြီး မန်နေဂျာ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မန္တလေးမြို့သို့ လိပ်မူပြီး ၂၅ လမ်း ၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ အများပြည်သူသုံး ဆက်သွယ်ရေး စခန်းသို့ တိုက်ရိုက် ဆက်သွယ် လျှောက်ထား ရမည် ဖြစ်ပြီး ပြင်ဦးလွင်မြို့မှ လျှောက်ထားသူများ အနေဖြင့် အော်တို အိတ်စ်ချိန်းရုံး (ပြင်ဦးလွင်) တွင် လျှောက်ထား ရမည် ဖြစ်သည်။ အဆိုပါ အော်တို တယ်လီဖုန်း အတွက် ဖုန်းခေါ်ဆိုခ များမှာ မြို့တွင်းသို့ တစ်မိနစ်လျှင် ၁၅ ကျပ် နှင့် နယ်ဝေးသို့ တစ်မိနစ်လျှင် ၂၅ ကျပ်တို့ ဖြစ်ကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည်။

No comments:

Post a Comment