ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, November 25, 2009

WiFi သုံးစွဲနိုင်မည့် နေရာများတွင် ၀က်ဘ်ဆိုက် ခြောက်ခုကို အခမဲ့ကြည့်ရှု သုံးစွဲခွင့် ပေးမည်

Eleven Media Group

ရန်ကုန်မြို့ရှိ သတ်မှတ်နေရာများ၌ ကြိုတင်ငွေပေးကတ်ဖြင့် WiFi သုံးစွဲရာတွင် ၀က်ဘ်ဆိုက်ခြောက်ခုခန့်ကို အခမဲ့သုံးစွဲခွင့်ပြုမည်ဟု Red Link မှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကြိုတင်ငွေပေးကတ်များကို စတင်ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်သုံးစွဲနိုင်မည်ဟု သိရသည်။ ကြိုတင်ငွေပေးကတ်ဖြင့် သုံးသူများအနေဖြင့် www.netnow.net.mm လိပ်စာသို့ဝင်၍ ကတ်တွင်ပါဝင်သော ကုဒ်နံပါတ်များကို Log in နေရာ၌ ရိုက်ထည့်ကာ အသုံးပြုရမည် ဖြစ်သည်။ ထို့ပြင် ၀က်ဘ်ဆိုက်ခြောက်ခုခန့်ကိုမူ ကြိုတင်ငွေပေးကတ်မလိုဘဲ အခမဲ့ ကြည့်ရှုအသုံးပြုနိုင်ကြောင်း သိရသည်။

ကြိုတင်ငွေပေးကတ်မလိုဘဲ အခမဲ့ဝင်ကြည့်နိုင်သော ၀က်ဘ်ဆိုက်များမှာ first-11, redlink, planet, khitlunge, yinkhonthanfm, yangondirectory စသည့် ၀က်ဘ်ဆိုက်တို့ ဖြစ်ကြောင်း သိရသည်။

ကနဦးတွင် ၁၅ နာရီစာကတ်ကို ကျပ် ၅၀၀၀ ဖြင့်ရောင်းချမည်ဖြစ်ပြီး နောက်ပိုင်းတွင် ၃၀ နာရီစာကတ်ကို ကျပ် ၁၀၀၀၀၊ ၄၅ နာရီစာကတ်ကို ကျပ် ၁၅၀၀၀ ဖြင့် ရောင်းချရန် စီစဉ်နေကြောင်းလည်း သိရသည်။

ကြိုတင်ငွေပေးကတ်ဖြင့် WiFi သုံးနိုင်မည့်နေရာများမှာ ကရ၀ိက်ဥယျာဉ်ကမ္ဘာ၊ စိမ်းလန်းစိုပြည်အပန်းဖြေဥယျာဉ်၊ စီးတီးမတ်(မြေနီကုန်း) ၊ စီးတီးမတ်(East Point)၊ Ocean(North Point)၊ မြရိပ်ညိုရွိုင်ရယ်ဟိုတယ်ရှိ Sports Bar စသည့်နေရာတို့ ဖြစ်သည်။

ယင်းကုမ္ပဏီသည် ၂၀၀၈ နှစ်ကုန်ပိုင်းက WiMAX ၀န်ဆောင်မှုကို စတင်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် သုံးစွဲနိုင်ပြီးဖြစ်သည်။

No comments:

Post a Comment