ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, October 8, 2009

အဆိုတော် တက္ကသိုလ်ထွန်းနောင် ကွယ်လွန်

မဇ္ဈိမ
မြန်မာ့စတူဒီယို ခေတ်ဦးရှေ့ဆောင် အဆိုတော် တက္ကသိုလ်ထွန်းနောင်သည် ၆၄ နှစ်အရွယ်၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။

ရန်ကုန်မြို့ရှိ သုခကမ္ဘာ အထူးကု ဆေးခန်း၌ ယမန်နေ့ည ၈ နာရီတွင် ကွယ်လွန်ခြင်း ဖြစ်သည်။

၁၉၇၁ ခုနှစ်တွင် မြန်မာ့ရိုးရာ တေးဂီတမှ "ရည်းစားလိုချင်တယ်" ဟူသော လူတဦးတယောက်၏ စိတ်ခံစားမှုကို တိုက်ရိုက်ဖော်ပြသည့် တေးသီချင်း အမျိုးမျိုးကို တက္ကသိုလ်ထွန်းနောင်က ခေတ်ပေါ်တေးဂီတ အသွင်ဖြင့် လူထုကို မိတ်ဆက် ပေးခဲ့သည်။

"အဲဒီသီချင်း (ရည်းစားလိုချင်တယ်) က ချက်ချင်းဆိုသလိုပဲ နေရာအများအပြားက လူငယ်တွေကြားမှာ ရေပန်းစားသွားတယ်" ဟု ဖျော်ဖြေရေး သတင်းများကို ရေးသားသူ ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။ ပထမဦးဆုံး တေးသီချင်း အခွေတွင် အဆိုတော်၏ အမည်ကို ရေးသား မထားခဲ့ကြောင်း သူက ဆက်ပြောသည်။

နောက်ပိုင်းနှစ်များတွင်မူ အဆိုတော်၏ ဂီတမိတ်ဆွေ အကော်ဒီယံ အုန်းကျော်၏ အကူအညီဖြင့် ကံ့ကော်တော တေးသံသွင်း စတူဒီယိုမှ တေးသီချင်းခွေများကို တရားဝင် ဖြန့်ချီခဲ့သည်။

သူ၏ နမူနာအတိုင်း ထိုတေးသံသွင်းနှင့်ပင် တက္ကသိုလ် အေးမောင်၊ ကံ့ကော်တော မျိုးအောင်၊ ပလေးဘွိုင်း စိန်သစ်၊ မင်းမင်းလတ် အစရှိသော အခြားသော မျိုးဆက်သစ် နာမည်ကြီး အဆိုတော်များလည်း ထွက်ပေါ်လာခဲ့သည်ဟု သတင်းထောက်က ပြောသည်။

တက္ကသိုလ်ထွန်းနောင်သည် ဂီတဝေဖန်ရေးနှင့် ပတ်သက်သည့် ဆောင်းပါးအနည်းငယ်လည်း ရေးခဲ့ဖူးသည်။ သူသည် သွားဘက်ဆိုင်ရာ တက္ကသိုလ် ကျောင်းသားဟောင်းလည်း ဖြစ်သည်။

ကွယ်လွန်ချိန်တွင် သမီးတဦး၊ ကွာရှင်းပြတ်စဲ ဇနီးသည် ဖြစ်သော နာမည်ကြီး အငြိမ့်မင်းသမီးနှင့် ရုပ်ရှင်မင်းသမီးကြီး စံရှားတင် ကျန်ရစ် ခဲ့သည်။

No comments:

Post a Comment