ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, October 23, 2009

မြန်မာပြည်မှာ ကလပ်များ မဖွင့်ရ

သန်းထိုက်ဦး
.ရန်ကုန်နှင့် မန္တလေးမြို့ အတွင်းရှိ Day Club (နေ့ကလပ်) နှင့် Night Club (ညကလပ်) များကို ဒေသဆိုင်ရာ အာဏာပိုင်များ၏ စီမံချက်ဖြင့် အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ ပိတ်ထားရ ကြောင်း သိရှိရသည်။

ယခု အပိတ်ခံရသည့် ကလပ်များတွင် ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ်အတွင်းနှင့် ပြည်သူ့ရင်ပြင်များတွင် ဖွင့်လှစ်ထားသည့် ဒေးကလပ်များနှင့် မန္တလေးမြို့ရှိ Mandalay Hill Resort နှင့် Sedona Hotel တို့တွင် ဖွင့်လှစ်ထားသည့် နိုက်ကလပ်များ ပါဝင်သည်ဟု ရန်ကုန်မြို့မှ Hip Hop လူငယ်တဦးက ပြောဆိုသည်။

၎င်းက“ကလပ်မရောက်ဘူးတဲ့ သူတွေက ကလပ်အထဲမှာ နမ်းနေကြတာ၊ မိန်းကလေးတွေကလည်း ကလပ် တခါမှ မရောက်ဘူးကြတာနဲ့ အရက်တွေသောက် ဘာတွေသောက်တာတွေ ရှိတယ်၊ အဲဒါကြောင့် ထိန်းရ သိမ်းရခက်မှာ စိုးလို့ ပိတ်လိုက်တာလို့ကြားတယ်”ဟု ပြောသည်။

ပြည်တွင်း သတင်းထောက်တဦးကမူ ယင်းကလပ်များသည် နားလည်မှုဖြင့် ဖွင့်လှစ်ထားပြီး တရားမ၀င်သည့် အတွက် အာဏာပိုင်များ၏ စီမံချက်ဖြင့် ပြန်ပိတ်ခိုင်းခြင်းဖြစ်နိုင်ကြောင်း ပြောပြသည်။

ဆက်လက်၍ ၎င်းသတင်းထောက်က“မန္တလေးဘက်မှာကျတော့ မူးယစ်ဆေးကိစ္စတွေ၊ ဆေးသုံးတာတွေ ဘာတွေ ရှိတယ်၊ ရန်ကုန်မှာကျတော့ လူငယ်ကျောင်းသားလေးတွေ၊ အရွယ်မရောက်သေးတဲ့ လူငယ်တွေ များလာပြီး ပိတ်လိုက်ရတာဖြစ်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

ယင်း ရန်ကုန်မြို့ရှိ ဒေးကလပ် များကို နံနက် ၁၀နာရီမှ ညနေ ၅ နာရီဝန်းကျင်အထိဖွင့်လှစ်ထားသဖြင့် ကျောင်း တက်ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ကလပ်ဝင်ကြေးအနေဖြင့် တဦးလျှင် အနည်းဆုံး ၁၅၀၀ ကျပ် ခန့်ရှိကြောင်း သိရသည်။

''လူငယ်တွေအနေနဲ့ သောက်စားမူးယစ်ပျော်မြူးရင်းနဲ့ နောက်ဆက်တွဲပြဿနာတွေ ထပ်ဖြစ်မှာစိုးရိမ်ပါတယ်။ ကျမတို့ အနေနဲ့လည်း သားသမီးတွေအပေါ် ထိန်းသိမ်းမှုက အပြည့်အ၀မလွှမ်းခြုံနိုင်ပါဘူး။ ကလေး တွေကို ဒေးကလပ် တွေအနေနဲ့ ပေးမ၀င်ဖို့ လိုပါတယ်''ဟု ကျောင်းသား မိဘတဦး၏ ပြောကြားချက်ကို ဝိကလီး အလဲဗင်း ဂျာနယ်က ကိုးကားဖော်ပြထားသည်။

အလားတူ မန္တလေးမြို့ရှိ နိုက်ကလပ်များ ပိတ်ရသည့် အကြောင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်း ခဲ့ရာ ၎င်းဟိုတယ် ၀န်ထမ်းများက အတည်ပြုပြောကြားသော်လည်း ပိတ်ရသည့် အကြောင်းရင်းကို မသိရှိရဟု ဖြေကြားသည်။

မန္တလေးမြို့တွင်ရှိသော ညကလပ်၂ နေရာအား လွန်ခဲ့သည့် နှစ်တွင် နိုင်ငံခြား ဧည့်သည်များ အတွက်ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သို့သော် ယင်းညကလပ်များတွင် နိုင်ငံ ခြားသား ဧည့်သည်များအပြင် မြန်မာ လူငယ် များစွာလည်း လာရောက်ကြကြောင်း သိရသည်။

No comments:

Post a Comment