ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, October 9, 2009

ရန်ကုန်ရှိ တရားမဝင် စီးပွားရေး လုပ်ငန်းများကို ရဲက ဆက်တိုက်ဖမ်းဆီးနေ

ဧရာဝတီ
ရန်ကုန်တိုင်းအတွင်းရှိ တရားမဝင် စီးပွားရေး လုပ်ငန်းများဖြစ်သည့် အနှိပ်ခန်း၊ ခိုးကူးခွေ ရောင်းချမှု၊ လောင်းကစားမှုနှင့် ဘောလုံး ပွဲဒိုင်များကို တိုင်း ရဲတပ်ဖွဲ့က ဆက်တိုက်ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လာကြောင်း သတင်းရရှိသည်။

ရဲမှူးကြီးဝင်းနိုင် အဖယ်ရှားခံရပြီးနောက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရန်ကုန်မြို့တွင်း ၄ မြို့နယ်မှ အလှပြင်ဆိုင် ဟန်ပြ အနှိပ်ခန်းများကို ရှောင်တခင်ဝင်ရောက် စစ်ဆေး ဖမ်းဆီးမိခဲ့ကြောင်း၊ ထို့အပြင် ခိုးကူးခွေ ကူးယူ ရောင်းချသည့် ပင်ရင်းဌာနကြီးများကိုလည်း ဆက်တိုက်ဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း ယခုအပတ် ဗုဒ္ဓဟူးနေ့ ထုတ် မှုခင်းသတင်းဂျာနယ်က ဖော်ပြထားသည်။

ရန်ကုန်တိုင်းအထူးရဲတပ်ဖွဲ့က

စက်တင်ဘာလ ၁၆ ရက်တွင်
လသာမြို့နယ် Yellow Moon အလှပြင်ဆိုင်ရှိ အနှိပ်ခန်းမှ ဆိုင်ပိုင်ရှင်နှင့် အနှိပ်ခန်းတွင်အလုပ်လုပ်နေသော အမျိုးသမီးငယ် ကိုးဦး၊

စက်တင်ဘာ ၁၇ ရက်တွင်
လမ်းမတော်မြို့နယ်ရှိ လူနေတိုက်ခန်း တခန်းကိုဝင်ရောက်ရှာဖွေရာ အနှိပ်ခန်း လုပ်ကိုင်နေသည် ကို စစ်ဆေးတွေ့ရှိရပြီး ပိုင်ရှင်နှင့်အတူ အမျိုးသမီးငယ် ခုနစ်ဦး၊

စက်တင်ဘာ၁၈ ရက်တွင် မရမ်းကုန်းမြို့ နယ် ဒီဇင်ဘာဗြူတီဆလွန်း အလှပြင်ဆိုင်ကိုစစ်ဆေးရာ အနှိပ်ခန်း လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး ဆိုင် မန်နေဂျာနှင့်အတူ အနှိပ်သမ အမျိုးသမီးငယ် ရှစ်ဦး၊

စက်တင်ဘာ၂၂ရက်နေ့တွင် လမ်းမတော်မြို့နယ် စကိုင်းလ်ဝေါ အလှပြင် အနှိပ်ခန်းမှ မန်နေဂျာနှင့် အမျိုးသမီးငယ် ခြောက်ဦး၊

စက်တင်ဘာ ၂၉ ရက်နေ့တွင် တာမွေမြို့နယ် ဆင်ဒရဲလား ဗြူတီး ဆလွန်း အလှပြင်ဆိုင်ရှိ အနှိပ်ခန်းမှ နေဂျာနှင့် အနှိပ်သမ လေးဦး၊

တို့ကို ဖမ်းဆီး အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

စက်တင်ဘာလအတွင်း၌ပင် မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ခိုးကူးခွေများ ကူးယူရောင်းချသည့် ပင်ရင်းဌာနကြီးနှစ်ခုကို ရန်ကုန်တိုင်းအထူးရဲ တပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့သည်ဟု လည်း မှုခင်းသတင်းဂျာနယ်တွင် ပါရှိသည်။

“အခု စီမံချက်နဲ့ အနှိပ်ခန်း၊ ကာရာအိုကေ၊ လောင်းကစား၊ ပြည့်တန်ဆာ၊ ခိုးကူးတွေ ဖမ်းဖို့ အထက်က ညွှန်ကြားချက်ရှိတယ်”ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ပြောသည်။

No comments:

Post a Comment