ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, October 7, 2009

မဲဆောက် ဆွမ်းတော်ကြီးလောင်းလှူပွဲ မြန်မာပြည်မှ သံဃာများ ရာနှင့်ချီ၍ လာရောက်

ဖြိုးကြီး .

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တွင် နှစ်စဉ်ပြုလုပ်နေကြ မြို့လုံးကျွတ် ဆွမ်းတော်ကြီး လောင်းလှူပွဲသို့ မြန်မာနိုင်ငံအတွင်းပိုင်းဒေသများမှ သံဃာတော်များ ရာနှင့်ချီကာ အလှူခံလာရောက်ကြသည်။

မြန်မာပြည်တွင် ပြည်သူများ စားဝတ်နေရေးကြပ်တည်းမှုကြောင့် သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲကြုံတွေ့နေရသဖြင့် ယခုကဲ့သို့ လာရောက်ရခြင်းဖြစ်ကြောင်း ပြည်တွင်းမှ ကြွလာသည့် သံဃာတပါးက မိန့်သည်။

“ပဝါသနာ ရက်ကလည်း နီးတာနဲ့ မြဝတီမှာ ဝတ်ပြုရင်း ဒီမှာလည်း ဆွမ်းခံစိမ်းလောင်းတယ်ဆိုတော့ ကြွလာလိုက်တာ၊ ဦးဇင်းတို့ တတွေကြတော့ ဆေးဖိုးဝါးခတောင်မရှိဘူးလေ၊ နောက်ဆုံးကျောင်းမှာ နေဖို့တောင် အခက်အခဲရှိတယ်။ ပစ္စည်းလေးပါးကလည်း ဒီလိုဘဲကြွရင်း ဒကာ ဒကာမတွေဆီက အလှူခံရတာဘဲ၊ သံဃာ့နာယက အဖွဲ့တွေက ဝိနည်းတွေ ဘာတွေ တားမြစ်ပေမဲ့လည်း ဒီလိုမှ အလှူမခံရင် ဦးဇင်းတို့က လူထွက်ပြီး အလုပ်လုပ်စားဖို့ဘဲ ရှိတော့တယ်” ဟု မိန့်သည်။

ပြည်သူလူထု၏ အထွေထွေအကြပ်အတည်းများကြောင့် လွန်ခဲ့သည့်သုံးနှစ်ခန့်မှ စတင်ကာ သံဃာများအနေဖြင့် ဝါဆိုရန်အတွက်ပင် အခက်အခဲဖြစ်နေရကြောင်း အဆိုပါ သံဃာတော်က ဆက်လက်မိန့်သည်။
ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ မိထ္ထီလာ၊ မော်လမြိုင်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှ သံဃာတော်များနှင့် သီလရှင် အပါး (၅၀၀) ခန့် လာရောက်အလှူခံကြသည်။

မြန်မာပြည်သူလူထုအနေဖြင့် အခက်အခဲမျိုးစုံကြုံတွေ့နေရပြီး အလုပ်ကိုင်မဲ့သည့် အခြေအနေများကြောင့် သံဃာတော်များအတွက် ပစ္စည်းလေးပါး ထောက်ပံ့နိုင်ရန် အခက်အခဲများစွာရှိကြောင်း ပဲခူးမြို့မှ ကြွလာသည့် သံဃာတပါးက ဆက်လက်မိန့်သည်။

“ဦးဇင်းတို့ဆီမှာ ဆွမ်းတော့ရတယ် ဆွမ်းဟင်းတော့မရဘူးပေါ့၊ အဲလိုအခြေအနေတွေကြောင့် ဦးဇင်းတို့လည်း ဒီဘက်ကို ထွက်ပြီးအခုလိုလာရတာပေါ့၊ မြန်မာပြည်ရဲ့ စီးပွားရေးစနစ်ကြောင့် ပြည်သူတွေလည်း ရှားပါးလာတယ်၊ ဒကာ ဒကာမတွေကိုမှီငြိမ်းနေတဲ့ ဦးဇင်းတို့အတွက်လည်း အဆင်မပြေတာတွေဖြစ်လာတာပေါ့ ” ဟု မိန့်ကြားသည်။

ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံတွင် သံဃာတော်များအနေဖြင့် ပစ္စည်းလေးပါး ကန့်သတ်မှုများ ကြောင့်ထောက်ပံ့မှုများတဖြည်းဖြည်း ရှားပါးလာသည့်အခြေအနေနှင့်နည်းမျိုးစုံဖြင့် ကြုံတွေ့နေရသည်။

No comments:

Post a Comment