ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, October 10, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ ပိတ်ဆို့အရေးယူမှုကိစ္စ ဆွေးနွေး

ခေတ်ပြိုင်

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံမှ သံတမန်များ တွေ့ဆုံဆွေးရန် နအဖစစ်အစိုးရက ယနေ့ခွင့်ပြုလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့တားမြစ်မှုကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျသံရုံးတို့မှ သံတမန်အကြီးအကဲတို့နှင့် အစိုးရဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးကြောင်း အစိုးရအရာရှိများကို ကိုးကား၍ နိုင်ငံခြားသတင်းဧဂျင်စီများက ဖော်ပြသည်။


ဧရာဝတီ
ကိုစိုး .မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်း သံတမန် ၃ ဦးတို့ ယနေ့ နံနက် ပိုင်းတွင် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးချက်များကို ညနေပိုင်းတွင် သံတမန်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟို အလုပ်အမှုဆောင်အဖွဲ့သို့ ပြန်လည်ရှင်းလင်းကြောင်း NLD ကပြောသည်။

“အမေရိကန် သံရုံးက ဒု သံမှူး၊ သြစတေးလျ ဒု သံအမတ်ကြီး၊ အင်္ဂလိပ် ဒုသံမှူးကြီး တို့ ၃ ဦး ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခြေအနေကို လာပြီးပြောပြပါတယ်”ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်း က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ပတ် သက်သည့် ရည်ရွယ်ချက်နှင့် အကျိုးဆက်များကို သိလိုကြောင်း၊ အချက်အလက် စာရင်းဇယာများကို လိုချင် သည်ဟု ပြောကြားကြောင်း၊ တတ်နိုင်သရွေ့အချက်အလက်များပေးမည်ဟု ပြောဆိုခဲ့ကြောင်း သံတမန်များ က NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့(CEC)ကို လာရောက်ရှင်းပြခြင်း ဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ယင်း သံတမန်များသည် CEC အဖွဲ့ဝင်များဖြစ်သော ဦးလွန်းတင်၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးသန်းထွန်း၊ ဦးခင်မောင်ဆွေ တို့ကို ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် ညနေ ၃ နာရီ မှ ၃ နာရီ ခွဲ ကျော်အထိ လာရောက် တွေ့ဆုံ ရှင်းပြခြင်းဖြစ်ကြောင်း သိရသည်။


ယင်းတွေ့ဆုံမှုနှင့် ပတ်သက်ပြီး သြစတေးလျ နိုင်ငံခြားရေးဌာနကလည်း အပြုသဘောဆောင်သည့် တွေ့ဆုံ မှုဖြစ်ကြောင်း၊ မြန်မာ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အကောင်းဘက်သို့ ဦးတည်သည့် ခြေလှမ်းဖြစ်ကြောင်း ယနေ့တွင်ကြေညာချက်တစောင် ထုတ်ပြန်သည်။

ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုတွေ့ဆုံဆွေးနွေးသည့်အကြောင်းအရာများနှင့် ပတ် သက်ပြီး များစွာအထောက်အကူပြုကြောင်း၊ ကျန်းမာရေး ကောင်းမွန်သည့်အသွင်ကိုလည်း တွေ့မြင်ရ ကြောင်း ပါရှိသည်။

ယနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုပါ သံတမန် ၃ ဦးတို့သည် အစိုးရ ဧည့်ဂေဟာတွင် အချိန် တနာရီခန့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယခုတွေ့ဆုံသည့် အစီအစဉ်သည် စစ်အစိုးရ၏ ခွင့်ပြုချက်အရဖြစ်ကြောင်း အနောက်တိုင်း သံတမန် တဦး က ပြောသည်။
ယင်းကဲ့သို့ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီးဆွေးနွေးရန်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရန် တောင်းဆိုချက်ကိုမှု ပြောင်းလဲမည်မဟုတ်ဟု သံတမန် တဦး က ပြောဆိုကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အရေးယူပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် လိုကြောင်း စက်တင်ဘာ ၂၅ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာတစောင် ပေးပို့ခဲ့ပြီး ယင်းစာထဲ၌ အနောက် တိုင်း သံတမန် ၃ ဦးနှင့် တွေ့ဆုံရန် တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စာနှင့်ပတ်သက်ပြီး စစ်အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင် ဆန်းစုကြည် တို့ ပြီးခဲ့သည့် တပတ်အတွင်း ၂ ကြိမ်တွေ့ဆုံခဲ့သည်။

ယင်း ဖြစ်ရပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲပေါ်ထွက်လာပြီးနောက် ဆက်တိုက်ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

No comments:

Post a Comment