ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, December 1, 2009

ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၉၆ ဒီဇင်ဘာ ၁ ရက် ၂ ရက် ၃ ရက် နေ့ စွဲများ

ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၉၆ ဒီဇင်ဘာ ၁ ရက် ညချမ်းဝယ်

ကြို့ ကုန်းဆောင် မှကျောင်းသား တစုစကားပြောနေစဉ်တစ်ဦးက မနက်ဖြန် ၈ နာရီ Building One အောက် လူစုဖို့  ရှိတယ်နော်..
ဟ..ဘာလဲ ဟ..ဒီတခါ တနိုင်ငံ လုံး ပါ အကျိုးသက်ရောက်အောင် လုပ်မှာတဲ့...အေးလေ မနက်ကျတွေ့ ကြမယ်လေ...

ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၉၆ ဒီဇင်ဘာ ၂ ရက် နံနက်ခင်းဝယ်...

Building One အောက် ဝယ် ကျောင်းသားများ ဟိုနားဒီနား တွေလျှင် အသံ ကျယ်သော ကျောင်းသားအား မော်ကွန်းထိန်းက ဟေ့ လာလာ လက်ဖက်ရည်ဆိုင် သွားမယ် လာ...ကျောင်းသားက ဆရာ ဟို...ဟို.....ဟ ပြောမနေနဲ့  လာလာဟုခေါ်သွားလေရဲ့ 
သို့ သော် တစ်စတစ်စ နဲ့  ၁၀ နာရီခန့် တွင်ကျောင်းသားများစုမိပြီး စတင် လိုက်တော့သည်....
သတင်းထောက်တစ်ချို့ ရောက်ရှိလာပြီး သတင်းတချို့ ရယူလိုက်သေးသည်။
တစ်ဖြေးဖြေးနှင့်  ကျောင်းသားကျောင်းသူများ ကျောင်းဝင်းထဲမှ နေ့ လည်လောက်တွင် ရန်ကုန်စက်မှုတက္ကသိုလ်ထွက်လာခဲ့ကြသည်...
လှိုင်တက္ကသိုလ် ရန်ကုန်ပင်မတက္ကသိုလ် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားကျောင်းသူများလည်းပါဝင်လာကြသည်...
ည ချမ်း ၇ နာရီခန့် တွင် လည်းတန်းအဝိုင်းတွင် စုဝေး မိပြီး ညနက်လာလျှင် ကမ်းနားလမ်းဘက်သို့ စုံဆင်းလာတော့သည်...
ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၉၆ ဒီဇင်ဘာ ၂ ရက် ည ၁၉၉၆ ဒီဇင်ဘာ ၃ ရက် နံနက်
သို့ မှ သီရိမင်္ဂလာဈေးဘက်မှသည် ဆူးလေဘုရား ပန်းဆိုးတန်းလမ်း မှ
စစ်ရုံးကြီးနား မှ ရွှေတိဂုံ ဘုရားနှင့်မဟာဝိဇယစေတီ ကြား တွင်စုဝေးမိကြပြီးနံနက် ၄ နာရီခန့် ဝယ်
ပညာရေးဝန်ကြီး ဦးပန်းအောင် ကိုယ်တိုင် လာရောက်သော်လည်းအဆင်မပြေညှိမရဘဲ ပြန်လည်ထွက်သွားခဲ့ကြသည်
လမ်းများပိတ်ဆို့ ပြီး ဖြေရှင်း ခံခဲ့ကြရသည်...
၁၉၉၆ ဒီဇင်ဘာ ၃ ရက် နံနက် ၆နာရီခန့်  ကျောင်းသားတစ်ချို့  ဒုပါမောက္ခချုပ်အားအကူအညီတောင်းခံရာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားကျောင်းသူများနံနက် ၈နာရီ ခန့် တွင် Building One အောက် ပြန်လည်ရောက်ရှိလာခဲ့ကြသည်...
လှိုင်တက္ကသိုလ် ရန်ကုန်ပင်မတက္ကသိုလ် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားကျောင်းသူများလည်းသက်ဆိုင်ရာတက္ကသိုလ်အသီးသီးသို့  အနည်းငယ်နောက်ကျပြီးပြန်လည်ရောက်ရှိလာခဲ့ကြသည်...

တစ်ညတာပျောက်ဆုံးသော ည...၁၉၉၇ အခြေခံပညာကျောင်းဖွင့်ချိန် တစ်လနောက်ဆုတ် ဇူလိုင်လမှဖွင့်ခဲ့ရပြီး
ပညာတက်တို့ စုဝေးရာ ကျောင်းဆောင် များယနေ့ ထက်တိုင် မဖွင့် နိုင်တော့...
အရေအတွက်များများတက္ကသိုလ်များပေါ်ထွက်လာခဲ့ရသည်....အရည်အချင်းကောင်းမျိုးဆက်သစ်များ နေရာတိုင်းမှာ ပေါ်လာနိုင်တော့မည်...

No comments:

Post a Comment