ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, December 3, 2009

မှော်ဘီလေတပ်စခန်းမှ တရုတ်လုပ် တိုက်လေယာဉ် လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျ

တရုတ်လုပ် တိုက်လေယာဉ်
တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် မြန်မာ့လေတပ်မှ တိုက်လေယာဉ် တစ်စီးမှာ ဗူဒ္ဓဟူးနေ့ 
နေ့ လည်က မှော်ဘီလေတပ်စခန်း မှနေ၍ လေ့ကျင့်ပျံသန်းနေစဉ် ဧရာဝတီတိုင်း ကြံခင်း
မြို့ ၏ မြောက်ဘက် အနီးတွင်ပျက်ကျမှု ဖြစ်ပွားခဲ့သည် ။

လေ့ကျင့်ပျံသန်းနေသော ထိုလေယာဉ်တွင် မြန်မာ့လေတပ်မှ လေသူရဲ နှစ်ဦးပါဝင်သည် ဟု
သိရသည်။ပျက်ကျသွားသည့် အဆိုပါတိုက်လေယာဉ်သည် အမေရိကန် လုပ် F-16 တိုက်လေယာဉ်
ပုံစံကို တုပထားသည် တရုတ်လုပ် J စီးရီ အမျိုးအစားဖြစ်သည် ဟုသိရသည်။

စစ်အစိုးရ အဖွဲ့ ဝင်များရုံးထိုင်ရာ နေပြည်တော် မြို့ သစ်တည်ဆောက်ပြီးချိန်မှ စ၍ မှော်ဘီ ၊မင်္ဂလာဒုံ
နှင့် မတ္ထီလာ ရှမ်းတဲ လေတပ် စခန်းများမှ တိုက်လေယာဉ်များသည် ခဲယမ်းလက်နက် အစစ်များတင်
ဆောင်၍ လေ့ကျင့်မောင်း နှင့် ခွင့် မပြု သည့် ပြင် တိုက်လေယာဉ် တစ်စီးပျံသန်းတိုင်း နေပြည်တော်
ရှိ ကာကွယ်ရေးဝန်ကြီးဌာနသို့ သတင်းပို့ ရသည် ဟု အမည် မဖော်လို သည့် လေတပ်အရာရှိတစ်ဦး
ကပြောသည်။

No comments:

Post a Comment