ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, December 9, 2009

ထိုင်း-မြန်မာ ချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲနှစ်နိုင်ငံမှ အဆိုတော်များ သီဆိုမည်

ရဲရင့်

ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွားရေးအသင်းက ကမကထပြု၍ မဲဆောက်မြို့တွင် “သွေးချင်းများ ဆောင်းရာသီကို အန်တုခြင်း” အမည်ဖြင့် နာမည်ကြီး မြန်မာနှင့် ထိုင်းအဆိုတော်များက နှစ်နိုင်ငံ ချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲတရပ် ကျင်းပမည်ဖြစ်သည်။

နာမည်ရ မြန်မာအဆိုတော်များဖြစ်သည့် R ဇာနည်၊ ဖြူဖြူကျော်သိန်း၊ ဖိုးကာ၊ ရဲလေး၊ ထွန်းအိန္ဒြာဗိုနှင့် ထိုင်းလူငယ်အဆိုတော် (၃) ဦးတို့သည် ယခုလ (၁၂-၁၃) ရက်နေ့တို့တွင် မဲဆောက်မြို့ရှိ မြို့ပိုင်ရုံးဝင်းအတွင်း စင်မြင့်တွင် သီဆိုကြမည်ဖြစ်သည်။

ညနေ (၄) နာရီမှ ည (၁၂) နာရီအထိ သီဆိုကြမည်ဖြစ်ပြီး တန်းခွဲများဖြင့် ကုလားထိုင်တလုံးလျှင် ဘတ် (၅၀၀)၊ ဘတ် (၃၀၀)၊ ဘတ် (၂၀၀) ဖြင့် ရောင်းချမည်ဖြစ်ပြီး ကြေညာထားသည့် အစီအစဉ်များအတိုင်း မပျက်မကွက် ၀န်ဆောင်မှုပေးမည်ဟု ဆိုကာ ကြိုတင်လက်မှတ်များ စတင်ရောင်းချလျက်ရှိသည်။

လွန်ခဲ့သည့် (၅) ရက်နေ့ညက မဲဆောက်တွင် ကျင်းပခဲ့သည့် ထိုင်းဘုရင်မွေးနေ့ပွဲတွင် မြန်မာအဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် ကြိုးကြာတို့ လာရောက်သီဆိုဖျော်ဖြေမည်ဟုဆိုကာ ကြိုတင်လက်မှတ်များ ရောင်းချထားပြီး အဆိုတော်များမလာရောက်သဖြင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် မြန်မာပရိသတ်အချို့အဖမ်းခံရပြီး အချို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုခံခဲ့ကြရသည်ဟု အရိုက်ခံရသူတဦးက ပြောသည်။

၎င်းက “လစာမထုတ်ရသေးလို့ အသိဆီကငွေချေးပြီး စိုင်းစိုင်းခမ်းလှိုင်သွားကြည့်တာ အချိန်ကုန်ငွေကုန်ဖြစ်ပြီး လူပါအရိုက်ခံရတော့ နောက်ကိုပွဲသွားရင် အတော်စဉ်းစားရတော့မယ်” ဟု ပြောသည်။

အဆိုပါပွဲကျင်းပမည့်အဖွဲ့က ကြိုတင်လက်မှတ်များ ရောင်းချရာတွင် မြန်မာအဆိုတော် (၅) ဦး အမှတ်တကယ် လာရောက်မည့်အကြောင်း အဆိုတော်များ၏ နိုင်ငံကူးလက်မှတ်များနှင့် ပြည်ဝင်ခွင့်ဗီစာ မိတ္တူများကိုလည်း ပြသထားသည်။

No comments:

Post a Comment